မော်လမြိုင်မြို့မှ နှစ်(၁၀၀)ကျော်သက်တမ်းရှိ အ.ထ.က (၉)ကျောင်း၌ ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာ စာသင်ဆောင်(၂)ဆောင်နှင့်ဓမ္မာရုံတို့ ပျက်စီး
စော(NSS) - အောက်တိုဘာ ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ နှစ်(၁၀၀)ကျော်သက်တမ်းရှိ အ.ထ.က (၉)ကျောင်း၌ ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာ စာသင်ဆောင်(၂)ဆောင်နှင့် ဓမ္မာရုံတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၂၅ ရက်)၊ နံနက် (၃)နာရီဝန်းကျင်အချိန်တွင် မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ အ.ထ.က (၉)ကျောင်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာချမ်းသာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“ဝါယာရှော့ဖြစ်တဲ့ပုံစံမျိုးလို့ ကြားတာပဲ။ အရင်တစ်ခါက စာသင်ဆောင် (၂)ဆောင်လောင်သွားလို့ အသစ်ပြန်လုပ်ထားတာ။ စာသင်ဆောင်အဟောင်း (၂)ဆောင်ကျန်တာပေါ့နော်။ အခုကျန်တဲ့အဟောင်း (၂)ဆောင်လည်း ကုန်သွားတာပဲ။ ဓမ္မရုံတစ်ခုလည်း ပါသွားတယ်ကြားတယ်”ဟု ကျန်းမာချမ်းသာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုအား မော်လမြိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအဖွဲ့များမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် (၅)နာရီဝန်းကျင်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
လက်ရှိတွင် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နှစ်(၁၀၀)သက်တမ်းရှိ အ.ထ.က(၉)ကျောင်းသည် ပြီးခဲ့သည့် (ဩဂုတ် လ ၄ ရက်)၊ နံနက် အစောပိုင်းတွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level 4 အဆင့်ဖြင့် (၄)နာရီကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းမတ်ပဲဈေး စံချိန်တင်မြင့်တက်လာပြီး မတ်ပဲတစ်တန် ငွေကျပ် ၂၈ သိန်းဝန်ကျင်ပေါက်ဈေးရှိနေ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း