ရွာငံမြို့နယ်ရှိ တောင်ယာခင်းအတွင်း စိုက်ထူထားသည့် MYEL တာဝါတိုင်ကို PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
NSS - အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်ရှိ တောင်ယာခင်းအတွင်း စိုက်ထူထားသည့် MYTEL ဆက်သွယ်ရေးတာဝါတိုင်ကို PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (အောက်တိုဘာလ ၂၂ ရက်)၊ မွန်းလွဲ ၁၂နာရီခွဲအချိန်တွင် ရွာငံမြို့နယ်၊ အင်တောကျေးရွာအနီးရှိ တောင်ယာခင်းအတွင်း စိုက်ထူထားသည့် MYTEL ဆက်သွယ်ရေးတာဝါတိုင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ MYTEL ဆက်သွယ်ရေးတာဝါတိုင်သို့ PDF အဖွဲ့ဝင်(၆)ဦးက ဆိုင်ကယ် (၃)စီးဖြင့် ရောက်ရှိလာပြီး တာဝါတိုင်ခြံစည်းရိုးအနီး၌ လက်လက်မိုင်းထောင်ကာ ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တာဝါတိုင်နှင့် စက်ပစ္စည်းများ ထိခိုက်ပျက်စီးမှုမရှိခဲ့သော်လည်း တာဝါတိုင်ခြံစည်းရိုးအဖြစ် ကာရုံထားသည့် သွပ်ပြား(၁၆)ချပ် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်သွယ်ရေးတာဝါတိုင်အား မိုင်းထောင်ဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်လမြိုင်မြို့မှ နှစ်(၁၀၀)ကျော်သက်တမ်းရှိ အ.ထ.က (၉)ကျောင်း၌ ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာ စာသင်ဆောင်(၂)ဆောင်နှင့်ဓမ္မာရုံတို့ ပျက်စီး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း