သီတင်းကျွတ်ဈေးရောင်းပွဲတော်သို့ လာရောက်ကြမည့်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် YBS ယာဉ်လိုင်း (၇)လိုင်းပြေးဆွဲပေးမည်
စော (NSS) - အောက်တိုဘာ ၂၄
သီတင်းကျွတ်ဈေးရောင်းပွဲတော်သို့ လာရောက်ကြမည့်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် YBS ယာဉ်လိုင်း (၇)လိုင်း ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။
ဦးလျန်ကျင့်မန်က ယမန်နေ့(အောက်တိုဘာလ ၂၃ ရက်)တွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ် ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“သီတင်းကျွတ်မီးထွန်းပွဲတော်ကို ပြည်သူ့ရင်ပြင်မှာ လေးရက်တိုင်တိုင် ပျော်ပွဲရွှင်ပွဲတွေ စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပါတယ်။ အဲဒီကို လာရောက်တဲ့ပြည်သူတွေကို သွားလာရေးအဆင် ပြေစေဖို့အတွက် YBS ယာဉ်တွေကို စီစဉ်ထားတာရှိပါတယ်။ နောက်ပြီး ပြည်သူ့ရင်ပြင်ရှေ့မှာ အ တက်အဆင်းလွယ်ကူအောင် မှတ်တိုင်ယာယီတစ်ခုဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”ဟု တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောကြားခဲ့သည်။
၎င်းပွဲတော်သို့ လာရောက်ကြရာတွင် အင်းစိန်မြို့နယ်အတွက် YBS (21) အပါအဝင် လှိုင်သာယာမြို့နယ်အတွက် YBS (61), မင်္ဂလာဒုံမြို့နယ်အတွက် YBS (37), မြောက်ဥက္ကလာမြို့နယ်အတွက် YBS (116), မြောက်ဒဂုံမြို့နယ်အတွက် YBS (62), ဒဂုံတောင်မြို့နယ်အတွက် YBS (7)နှင့် သာကေတမြို့နယ်အတွက် YBS (4)တို့ကို ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်လိုင်း(၇)လိုင်းများသည် လာမည့်(အောက်တိုဘာလ ၂၇ ရက်)မှ (၃၀)ရက်အထိ ကျင်းပမည့် သီတင်းကျွတ်မီးထွန်းပွဲတော်သို့ လာရောက်သူများ အပြန်အဆင်ပြေစေရေး ည (၉)နာရီခွဲမှစတင်၍ သတ်မှတ်လမ်းကြောင်းအတိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် သီတင်းကျွတ်ဈေးရောင်းပွဲတော်တွင် စက်မှုထုတ်ကုန်နှင့်ရေထွက်ကုန်ပစ္စည်းများကို အရောင်းဆိုင်ခန်းပေါင်း (၅၀၀)ခန့်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ဖျော်ဖြေပွဲများလည်းပါဝင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသအပေါ်ပြုလုပ်နေသော အစ္စရေး၏လုပ်ရပ်များကို အမေရိကန်သမ္မတဟောင်း အိုဘားမား သတိပေး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း