ရွှေဘိုပြည်သူ့ဆေးရုံ၌ ဖောက်ခွဲရန် ဗုံးသယ်ဆောင်လာစဉ် ပေါက်ကွဲမှုကြောင့် ဗုံးသယ်ဆောင်လာသူအမျိုးသမီး ထိခိုက်ဒဏ်ရာရရှိ
Pearl (NSS) - အောက်တိုဘာ ၂၄
ရွှေဘိုပြည်သူ့ဆေးရုံ၌ ဖောက်ခွဲရန် ဗုံးသယ်ဆောင်လာစဉ် ပေါက်ကွဲမှုကြောင့် ဗုံးသယ်ဆောင်လာသူအမျိုးသမီး ထိခိုက်ဒဏ်ရာရရှိ မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၂၃ ရက်)တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံဝန်း အတွင်း အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြည်သူ့ဆေးရုံသို့ မပပထွန်း(၃၁)နှစ်သည် ဗုံးဖောက်ခွဲရန်ရောက်ရှိလာခဲ့ပြီး အဆိုပါဗုံးသည် ၎င်း၏လက်အတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
"မနေ့ကဖြစ်တာ။ ဆေးရုံဝန်းထဲမှာပေါ့။ အဲဒီအမျိုးသမီးတော့ ဒဏ်ရာရသွားတယ် ကြားတယ်" ဟု မြို့ခံတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် မပပထွန်းတွင် လက်ပြတ်ရှဒဏ်ရာ နှင့် မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် လက်ရှိတွင် ရွှေဘိုဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
၎င်းနှင့်အတူပါလာသော အကြမ်းဖက်အမျိုးသားတစ်ဦးသည် ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-24 / 3:00 PM)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း