အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-24 / 3:00 PM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၄
အစ္စရေးစစ်တပ်သည် ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ဟားမက်စ် နှင့် အစ္စရေးကြားအပစ်အခတ်ရပ်စဲရေးရရှိစေရန် အလားလာနည်းနေကြောင်းသိရသည်။နိုင်ငံတကာအဖွဲ့စည်းများသည် ဂါဇာဒေသအပေါ်တိုက်ခိုက်နေသည့် အစ္စရေး၏တိုက်ခိုက်မှုများအ ဆုံးသတ်ရန်တောင်းဆိုနေသော်လည်း အစ္စရေးကတိုက်ခိုက်မှုများရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်းသိရသည်။
အစ္စရေး နှင့် ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေသည့်စစ်ပွဲကြောင့် ကုလသမဂ္ဂအဖွဲ့လက်အောက်ခံဝန်ထမ်းဦးရေ အနည်းဆုံး ၃၅ ဦးအထိ သေဆုံးထားကြောင်းသိရသည်။ ပြီးခဲ့သော ၂၄ နာရီအတွင်း ဂါဇာဒေသကို အစ္စရေး၏ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီဝန်ထမ်းအရေအတွက် ၆ ဦး သေဆုံးခဲ့ရာ သေဆုံးသူအရေအတွက် အနည်းဆုံး ၃၅ ဦးအထိ မြင့်တက်လာနေကြောင်းသိရသည်။
ပါလက်စတိုင်း နှင့် အစ္စရေးကြား ပြန်လည်ငြိမ်းချမ်းရေးရရှိစေရန်အတွက် အဓိကဦးပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးရရှိစေရန် အပြုသဘောဆောင်သောကြိုးပမ်းမှုများကို အားပေးထောက်ခံမည်ဟုပြောဆိုထားသည်။
အမေရိကန်တပ်ဖွဲ့များက ၎င်းတို့သည် ဆီးရီးယားနိုင်ငံအနောက်တောင်ပိုင်းရှိ အမေရိကန်စစ်အခြေ စိုက်စခန်းကို ဒရုန်းများဖြင့်တိုက်ခိုက်ရန် ကြိုးပမ်းများကို ဟန့်တားဖျက်ဆီးနိုင်ခဲ့ကြောင်းပြောသည်။အဆိုပါ ဒရုန်းများကို ပစ်ချဖျက်ဆီးချိန်အတွင်း ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း အမေရိကန်စစ်ဘက်ကထပ်မံပြောဆိုထားသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဂါဇာဒေသအပစ်ခတ်ရပ်စဲရေး မဆွေးနွေးခင် ဟားမက်စ်လက်နက် ကိုင်အဖွဲ့အနေဖြင့် ဖမ်းဆီးထားသော သူအားလုံးကို ပြန်လွှတ်ပေးစေလိုကြောင်းတိုက်တွန်းပြောဆိုလိုက်သည်။ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးမည်ဆိုလျှင် အပစ်ခတ်ရပ်စဲရေးဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတကထပ်မံပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက သတင်းများအား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း