ထားဝယ်မြို့ရှိ ဈေးတစ်ခုအတွင်းသို့ Drop ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
စော(NSS) - အောက်တိုဘာ ၂၄
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ဈေးတစ်ခုအတွင်းသို့ Drop ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၂၃ရက်)၊ မွန်းလွဲပိုင်းအချိန်တွင် ထားဝယ်မြို့၊ ကြက်စားပြင်ရပ် ကွက် ကမ်းနားလမ်းရှိ အောင်တံခွန် ငါးလေလံဈေးအတွင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဈေးအတွင်းသို့ PDF များက ဈေး၏အနောက်မြောက်ဘက်မီတာ (၅၀၀)ခန့် အကွာမှနေ၍ Drone ကိုအသုံးပြုကာ Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့သို့ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ဈေးဝယ်ထွက်နေသည့် အသက် (၁၄)နှစ်အရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူသည် ထားဝယ်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက PDF များအား အမြန်ဆုံးဖမ်းမိနိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆပ်ပြာခွက်များဖြင့်ထည့်၍သယ်ဆောင်လာသော ငွေကျပ် ၃ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ကလေးမြို့နယ်၌ ဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း