လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၃၈၆)သန်း ထုတ်လုပ်နိုင်မည့် သူဋ္ဌေးရေအားလျှပ်စစ် စီမံကိန်း (၇၅)ရာခိုင်နှုန်းပြီးစီး
ယွန်း (NP News) - ဖေဖော်ဝါရီ ၂၇
လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၃၈၆)သန်း ထုတ်လုပ်နိုင်မည့် သူဋ္ဌေးရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်မှု (၇၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါစီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ဖေဖော်ဝါရီလ (၂၆) ရက်တွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
၎င်းစီမံကိန်းသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက်(၁၂)မိုင်ခန့်အကွာ သူဋ္ဌေးချောင်းပေါ်တွင်တည်ရှိပြီး ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၄) တည်ဆောက်ရေးက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းပြီးစီးပါက ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများစွာရရှိမည့်အပြင် ထွက်ရှိလာသော လျှပ် စစ်ဓာတ်အားဖြင့် ဒေသ၏အခြေခံခရီးသွားလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပင်မရေလှောင်တမံမှာ ဇုန်အမျိုးအစား(ကျောက်ဖြည့်ရေလှောင်တမံ)ဖြစ်ပြီး ကန်ရေပြည့် ရေသိုလှောင် ပမာဏသည် (၆ ဒသမ ၉၆)သိန်း ဧကပေ ရှိကြောင်း သိရသည်။
ထို့ပြင် (၃၇)မဂ္ဂါဝပ် ဓာတ်အားပေးစက်(၃)လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား (၁၁၁)မဂ္ဂါဝပ်ရှိကာ တစ်နှစ်လျှင် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၃၈၆)သန်း ထုတ်လုပ်နိုင်မည်ဖြစ်သည်။
လက်ရှိတွင် စီမံကိန်းတစ်ခုလုံး၏ (၇၅ ဒသမ ၆၄)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်၍ (၂ဝ၂၂-၂ဝ၂၃) ဘဏ္ဍာနှစ် အကုန်တွင် (၇၆)ရာခိုင်နှုန်းပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းတစ်ခုလုံးရာနှုန်းပြည့်ပြီးစီးရန်အတွက် ၂ဝ၂၅ ခုနှစ်တွင် လျာထားကြောင်း သိရသည်။
zawgyi version
လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္နာရီသန္းေပါင္း (၃၈၆)သန္း ထုတ္လုပ္ႏိုင္မည့္ သူေ႒းေရအားလွ်ပ္စစ္ စီမံကိန္း (၇၅)ရာခိုင္ႏႈန္းၿပီးစီး
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၇
လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္နာရီသန္းေပါင္း (၃၈၆)သန္း ထုတ္လုပ္ႏိုင္မည့္ သူေ႒းေရအားလွ်ပ္စစ္ စီမံ ကိန္းတည္ေဆာက္မႈ (၇၅)ရာခိုင္ႏႈန္း ၿပီးစီးေနၿပီျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ သိရသည္။
အဆိုပါစီမံကိန္းအား လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအးေက်ာ္က ေဖေဖာ္ဝါရီလ (၂၆) ရက္တြင္ သြားေရာက္ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။
၎စီမံကိန္းသည္ ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕၏ အေရွ႕ေျမာက္ဘက္(၁၂)မိုင္ခန႔္အကြာ သူေ႒းေခ်ာင္းေပၚတြင္တည္ရွိၿပီး ေရအားလွ်ပ္စစ္အေကာင္အထည္ေဖာ္ေရးဦးစီးဌာန အမွတ္(၄) တည္ေဆာက္ေရးက ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
စီမံကိန္းၿပီးစီးပါက ေဒသခံမ်ား အလုပ္အကိုင္ အခြင့္အလမ္းမ်ားစြာရရွိမည့္အျပင္ ထြက္ရွိလာေသာ လွ်ပ္ စစ္ဓာတ္အားျဖင့္ ေဒသ၏အေျခခံခရီးသြားလုပ္ငန္းမ်ားကို တိုးခ်ဲ႕ေဆာင္႐ြက္ႏိုင္မည္ျဖစ္သည္။
ပင္မေရေလွာင္တမံမွာ ဇုန္အမ်ိဳးအစား(ေက်ာက္ျဖည့္ေရေလွာင္တမံ)ျဖစ္ၿပီး ကန္ေရျပည့္ ေရသိုေလွာင္ ပမာဏသည္ (၆ ဒသမ ၉၆)သိန္း ဧကေပ ရွိေၾကာင္း သိရသည္။
ထို႔ျပင္ (၃၇)မဂၢါဝပ္ ဓာတ္အားေပးစက္(၃)လုံးျဖင့္ စုစုေပါင္းစက္တပ္ဆင္အင္အား (၁၁၁)မဂၢါဝပ္ရွိကာ တစ္ႏွစ္လွ်င္ ပ်မ္းမွ် လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္နာရီသန္းေပါင္း (၃၈၆)သန္း ထုတ္လုပ္ႏိုင္မည္ျဖစ္သည္။
လက္ရွိတြင္ စီမံကိန္းတစ္ခုလုံး၏ (၇၅ ဒသမ ၆၄)ရာခိုင္ႏႈန္းခန႔္ ၿပီးစီးေနၿပီျဖစ္၍ (၂ဝ၂၂-၂ဝ၂၃) ဘ႑ာႏွစ္ အကုန္တြင္ (၇၆)ရာခိုင္ႏႈန္းၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။
စီမံကိန္းတစ္ခုလုံးရာႏႈန္းျပည့္ၿပီးစီးရန္အတြက္ ၂ဝ၂၅ ခုႏွစ္တြင္ လ်ာထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပိုက်ဆံအိတ်လုသွားသူများအား ဆိုင်ကယ်ဖြင့်လိုက်ရင်း အရှိန်လွန်ကာ ကားကိုဝင်တိုက်ပြီး အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာများရရှိ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း