အစ္စရေးတင့်ကားကနေ မတော်တဆပစ်ခတ်မိမှုကြောင့် အီဂျစ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ဒဏ်ရာရ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၃
အစ္စရေးစစ်တပ်ရဲ့တင့်ကားတွေက ပစ်ခတ်လိုက်တဲ့ကျည်ဆံခွံတွေ ထိမှန်မှုကြောင့် အီဂျစ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ဒဏ်ရာရခဲ့ကြောင်း အီဂျစ်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်ကြား အောက်တိုဘာ ၇ ရက်မှာ စစ်ပွဲစတင်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုအရှိန်မြင့်တက်နေပြီး အစ္စရေးကို ဒေသအတွင်း လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ဟစ်ဘိုလာ၊ ဆီးရီးယား လက်နက်ကိုင်အဖွဲ့ နဲ့ ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ဖို့ ကြိုးပမ်းလာနေကြောင်း သိရပါတယ်။
အစ္စရေးဟာ ၎င်းကိုတိုက်ခိုက်ဖို့ ကြိုးပမ်းလာတဲ့အဖွဲ့တိုင်းကို လက်တုံ့ပြန်တိုက်ခိုက်ခြင်းများလည်း ပြန်လည် လုပ်ဆောင်ထားကြောင်း သိရပါတယ်။ အစ္စရေးစစ်ဘက်က ၎င်းတို့ရဲ့တင့်ကားတစ်စီးဟာ မတော်တဆပစ်ခတ်မှု ဖြစ်ပွားခဲ့ရာကနေ ဂါဇာကမ်းမြောင်ဒေသနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ အီဂျစ်နယ်စပ်ဒေသရှိ နယ်ခြားစောင့်အဖွဲ့ တွေ ထိမှန်တာမျိုးတွေရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အစ္စရေးစစ်ဘက်က "တင့်ကားကနေ အီဂျစ်နယ်စပ်ဒေသကို ပစ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်း စစ်ဆေးသွားမယ်။ ဒီအဖြစ်ပျက်နဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိတယ်" လို့ ပြောပါတယ်။ အီဂျစ်စစ်ဘက် ကတော့ အစ္စရေးတင့်ကားက ပစ်လိုက်တဲ့ကျည်ဆံတွေကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အီဂျစ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်အချို့ အသေးစားဒဏ်ရာရခဲ့ကြောင်း အတည်ပြုထားပါတယ်။ အီဂျစ်မီဒီယာတွေကတော့ အစ္စရေးရဲ့ ပစ်ခတ်မှုတွေကြောင့် အီဂျယ်နစ်စပ်ဒေသကိုဖြတ်သန်းပြီး ဂါဇာကမ်းမြောင်ဘက်ခြမ်းကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများပေးပို့နေခြင်းကို တားဆီးလို့ရနိုင်မှာမဟုတ်ကြောင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၂၁ ရက် နောက်ပိုင်းကတည်းက အီဂျစ်နယ်စပ်ဒေသ ရာဖယ်ဒေသကိုဖြတ်သန်းပြီး ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးပစ္စည်းများ တင်ဆောင်လာတဲ့ ကုန်ကားပေါင်း ၃၇ စီး ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် မောင်းနှင်ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များတွင် Telematics စနစ် တပ်ဆင်အသုံးပြုရန် ပြင်ဆင်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ