ယခင်အစိုးရက မပြီးပြတ်ခဲ့သည့် ရထားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်နေဟု နစကဥက္ကဋ္ဌဆို
Pearl (NSS) - အောက်တိုဘာ ၂၃
ယခင်အစိုးရက မပြီးပြတ်ခဲ့သည့် ရထားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်နေဟု နစကဥက္ကဋ္ဌဆိုဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။။
၎င်းက အောက်တိုဘာလ (၂၂)ရက်တွင် တောင်ကြီးမြို့၌ ကျင်းပသော ရွှေညောင် - တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်းအခမ်းအနား၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
အဆိုပါအခမ်းအနား၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့အစိုးရ တာဝန်ယူပြီးသည့်နောက်တွင် ရထားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်အစိုးရလက်ထက်က မပြီးပြတ်ခဲ့သည့် လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး စီမံကိန်းအသစ်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားထားသည်။
ထို့ပြင် ၎င်းကိုယ်တိုင် တာဝန်ရှိသူများနှင့်မကြာခဏတွေ့ဆုံပြီး ရထားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်သည့် ပံ့ပိုးဖြည့်ဆည်းမှာကြားမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားထားသည်။
အလားတူ ရထားလမ်းများကြံ့ခိုင်ရေး ပြုပြင်ထိန်းသိမ်းရာ၌ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်းလိုက်နာပြီး ရေရှည်အတွက်ဆောင်ရွက်ရန် နှင့် ပြည်တွင်းအင်ဂျင်နီယာပညာရှင်များကို အဓိကအားထားအသုံးပြုပြီး နည်းပညာများ တိုးတက်ရေး ဆောင်ရွက်ရန်အတွက် ၎င်းက တိုက်တွန်းပြောကြားထားသည်။
လက်ရှိတွင် လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စက်ခေါင်းနှင့် တွဲများ တည်ဆောက်ရန်အတွက် လိုအပ်သောပစ္စည်းများ ပြည်ပမှဝယ်ယူမှုကို လျှော့ချကာ ပြည်တွင်း၌ ထုတ်လုပ်တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် ရနိုင်သမျှ ဘဏ္ဍာငွေများအသုံးပြု၍ ရထားလမ်းပိုင်းအလိုက် အဆင့်မြှင့်တင်မွမ်းမံခြင်း အပါအဝင် ရထားတွဲများပြုပြင်ထိန်းသိမ်းခြင်း၊ တွဲသစ်များတည်ဆောက်တပ်ဆင်ခြင်းနှင့် ဘူတာရုံများ အဆင့်မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်းများကို အလေး ထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးတင့်ကားကနေ မတော်တဆပစ်ခတ်မိမှုကြောင့် အီဂျစ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ဒဏ်ရာရ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း