သံဃာတစ်ပါး မောင်းနှင်လာသည့်ကား ချောက်ထဲပြုတ်ကျရာ ဘုန်းကြီးကျောင်းသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိ
Pearl (NP News) - ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် သံဃာတစ်ပါး မောင်းနှင်လာသည့်ကား ချောက်ထဲပြုတ်ကျရာ ဘုန်းကြီး ကျောင်းသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီလ ၂၆ ရက်)၊ ညနေ (၃)နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း အောင်နဝရတ် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ပေါင်မြို့နယ်၊ ဇင်းကျိုက်ဆံတော်ရှင်ဘုရားသို့ မှန်ကူညီနောင်ကျောင်းလမ်းမှ ကျောင်းသား(၅)ဦးနှင့် ကိုရင်(၁)ပါး လိုက်ပါလာပြီး သံဃာတစ်ပါး မောင်းနှင်လာသော ကားသည် ကတွန်ကျေးရွာတောင်တက်လမ်း၊ သရက်ပင်စခန်းနားအရောက်တွင် ချောက်ထဲထိုးကျခဲ့ကြောင်း သိရသည်။
"ဘယ်အချိန်လောက်က ဖြစ်သွားလဲတော့ မသိဘူး၊ ကျွန်တော်တို့ကို အကြောင်းကြားတာ ညနေ (၃)နာရီခွဲလောက်ကပါ။ ကတွန်ကျေးရွာ တောင်တက်လမ်းပိုင်း သရက်ပင်စခန်းနားအရောက်မှာဖြစ်သွားတာပါ၊ ကားက ရဟန်းတစ်ပါးမောင်းတာ။ ဘုန်းကြီးကျောင်းသားလေး (၂)ယောက်တော့ ဒဏ်ရာရသွားပါတယ်" ဟု အောင်နဝရတ် လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို အတည်ပြုပြောဆိုသည်။
အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ဘုန်းကြီးကျောင်းသား(၂)ဦးအနက် တစ်ဦးမှာပေါင်ကျိုးခဲ့ပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
၎င်းတို့အား အောင်နဝရတ်လူမှုကူညီရေးအသင်းမှ ပေါင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရှိတွင် အသက်အန္တရာယ်စိုးရိမ်စရာ အခြေအနေမရှိကြောင်း သိရသည်။
zawgyi version
သံဃာတစ္ပါး ေမာင္းႏွင္လာသည့္ကား ေခ်ာက္ထဲျပဳတ္က်ရာ ဘုန္းႀကီးေက်ာင္းသား(၂)ဦး ထိခိုက္ဒဏ္ရာရရွိ
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၆
မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္တြင္ သံဃာတစ္ပါး ေမာင္းႏွင္လာသည့္ကား ေခ်ာက္ထဲျပဳတ္က်ရာ ဘုန္းႀကီး ေက်ာင္းသား(၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီလ ၂၆ ရက္)၊ ညေန (၃)နာရီအခ်ိန္ခန႔္တြင္ မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္တြင္ျဖစ္ပြားခဲ့ေၾကာင္း ေအာင္နဝရတ္ လူမႈကူညီေရးအသင္းထံမွ သိရသည္။
ေပါင္ၿမိဳ႕နယ္၊ ဇင္းက်ိဳက္ဆံေတာ္ရွင္ဘုရားသို႔ မွန္ကူညီေနာင္ေက်ာင္းလမ္းမွ ေက်ာင္းသား(၅)ဦးႏွင့္ ကိုရင္(၁)ပါး လိုက္ပါလာၿပီး သံဃာတစ္ပါး ေမာင္းႏွင္လာေသာ ကားသည္ ကတြန္ေက်း႐ြာေတာင္တက္လမ္း၊ သရက္ပင္စခန္းနားအေရာက္တြင္ ေခ်ာက္ထဲထိုးက်ခဲ့ေၾကာင္း သိရသည္။
"ဘယ္အခ်ိန္ေလာက္က ျဖစ္သြားလဲေတာ့ မသိဘူး၊ ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားတာ ညေန (၃)နာရီခြဲေလာက္ကပါ။ ကတြန္ေက်း႐ြာ ေတာင္တက္လမ္းပိုင္း သရက္ပင္စခန္းနားအေရာက္မွာျဖစ္သြားတာပါ၊ ကားက ရဟန္းတစ္ပါးေမာင္းတာ။ ဘုန္းႀကီးေက်ာင္းသားေလး (၂)ေယာက္ေတာ့ ဒဏ္ရာရသြားပါတယ္" ဟု ေအာင္နဝရတ္ လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို အတည္ျပဳေျပာဆိုသည္။
အဆိုပါ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့ေသာ ဘုန္းႀကီးေက်ာင္းသား(၂)ဦးအနက္ တစ္ဦးမွာေပါင္က်ိဳးခဲ့ၿပီး တစ္ဦးမွာ ထိခိုက္ဒဏ္ရာရရွိေၾကာင္း သိရသည္။
၎တို႔အား ေအာင္နဝရတ္လူမႈကူညီေရးအသင္းမွ ေပါင္ၿမိဳ႕နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး လက္ရွိတြင္ အသက္အႏၲရာယ္စိုးရိမ္စရာ အေျခအေနမရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၃၈၆)သန်း ထုတ်လုပ်နိုင်မည့် သူဋ္ဌေးရေအားလျှပ်စစ် စီမံကိန်း (၇၅)ရာခိုင်နှုန်းပြီးစီး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း