အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-23/ 1:30 PM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဗြိတိန်ဝန်ကြီးချုပ် ဆူနက်တို့ အစ္စရေးနိုင်ငံကိုလာရောက်ကာ ဝန်ကြီးချုပ် နေတန်ရာဟုနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ပြင်သစ်သမ္မတမက်ခရွန်ကလည်း အစ္စရေးနိုင်ငံ ကို လာရောက်ဖို့ စီစဉ်နေပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်တို့ စစ်ပွဲ စတင်ခဲ့တဲ့ အောက်တိုဘာ ၇ ရက် နောက်ပိုင်းကတည်းက ပြင်သစ်နိုင်ငံသား အနည်းဆုံး ၃ဝ ဦး သေဆုံးထားကြောင်း သိရပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ အစ္စရေး လိုလားသူပေါင်း ၂ သောင်းနီးပါးဟာ ပြန်ပေးဆွဲခံထားရသူတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အောက်တိုဘာ ၂၂ ရက်က တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟားမက်စ်ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးကို စတင်တိုက်ခိုက်ခဲ့ပြီး နောက် အစ္စရေးစစ်သားတွေ အပါအဝင် လူပေါင်းရာချီ ပြန်ပေးဆွဲခံထားရကြောင်း သိရပါတယ်။ လန်ဒန်မြို့မှာ ပါလက်စတိုင်းထောက်ခံသူအုပ်စုတွေနဲ့ အစ္စရေးထောက်ခံသူအုပ်စုတွေ အပြိုင်ဆန္ဒပြနေကြတယ်လို့ သတင်းတွေ က ဖော်ပြထားပါတယ်။
အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်နိုင်ငံတို့ရဲ့ခေါင်းဆောင်တွေဟာ အစ္စရေးနိုင်ငံကို အားပေးထောက်ခံကြောင်း၊ အစ္စရေးနိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ပိုင်ခွင့်ရှိကြောင်း၊ ဒါပေမယ့် အရပ်သား တွေနဲ့ နိုင်ငံတကာလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးဥပဒေတွေကို လေးစားလိုက်နာရမှာဖြစ်ကြောင်း တိုက်တွန်းပြောဆိုထားပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အဆိုပါနိုင်ငံတွေရဲ့ခေါင်းဆာင်တွေနဲ့ ဖုန်းဆက်ဆွေးနွေးခဲ့ပြီးနောက် ပူးတွဲ ထုတ်ပြန်ချက်ထဲမှာ အခုလိုမျိုးဖော်ပြထားခြင်းဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်က အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင် တွေဟာ လက်ရှိအချိန်မှာ အီရန် နဲ့ ၎င်းအထောက်ပံ့ရထားတဲ့အဖွဲ့အစည်းတွေရဲတိုက်ခိုက်မယ့်အန္တရာယ်ကို ပိုမို တိုးမြှင့်ရင်ဆိုင်နေရကြောင်း ပြောပါတယ်။ အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ အီရန် နဲ့ ၎င်းရဲ့မဟာမိတ်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်ကြောင်း သတိပေးထားပါတယ်။
အီရန်နိုင်ငံအနေနဲ့ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲကို တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာအောင် မလုပ်ဆောင်ဖို့ သတိပေးလိုကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ရုရှားနိုင်ငံဟာ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲ မှာ ဟားမက်စ်ကို ထောက်ခံခြင်းမျိုးမရှိကြောင်း အီတလီကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ အရှေ့အလယ်ပိုင်းဒေသကို မတည်ငြိမ်မှုများ ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း အီတလီကာကွယ်ရေးဝန်ကြီးက သတိပေးပြောဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မနက်ဖြန်မှစတင်ကာ ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြုမည်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း