မနက်ဖြန်မှစတင်ကာ ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြုမည်
NSS - အောက်တိုဘာ ၂၃
မနက်ဖြန် (အောက်တိုဘာလ ၂၄ ရက်)မှ စတင်ကာ ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြုမည်ဟု နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားသည်။
ထောင်ဝင်စာတွေ့ခွင့်လျှေက်ထားလိုသူများသည် အကျဉ်းသား၊ အကျဉ်းသူ ပါဝင်သော အိမ်ထောင်စုဇယား၊ မှတ်ပုံတင်၊ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးကြောင်း လက်မှတ်တို့ ပူးတွဲတင်ပြကာ အကျဉ်းဦးစီးဌာန၏ သက်ဆိုင်ရာအကျဉ်းထောင်များတွင် ထောင်ဝင်စာတွေဆုံခွင်လျှောက်ထား ရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်မတ်လမှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက် ထောင်ဝင်စာတွေဆုံခွင့်ပိတ်ပင်ထားခဲ့ရာ လက်ရှိအချိန်အထိ စုစုပေါင်းသုံးနှစ်ခွဲခန့်ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။
ထောင်ဝင်စာတွေ့ဆုံခွင့်အရ နှစ်ပတ်လျှင်တစ်ကြိမ် သက်ဆိုင်ရာအကျဉ်းထောင်များတွင် ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ရာ အကျဉ်းသား၊ အကျဉ်းသူများအတွက် ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကို မိသားစုများမှ သိရှိခွင့်ရမည်ဖြစ်သည်။
အမိန့်ကျပြီး အကျဉ်းသား၊ အကျဉ်းသူများကို တွေဆုံခွင့်နှင့် အချုပ်ကျနေသော အကျဉ်းသားများတွေဆုံခွင့် နှစ်မျိုးလုံးအတွက် ခွင့်ပြုမည်ဖြစ်သော်လည်း သက်ဆိုင်ရာက လုံခြုံရေးအရ စစ်ဆေးမေးမြန်းနေဆဲ အချုပ်ကျသူများကိုမူ တွေဆုံခွင့်ရမည်မဟုတ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခင်အစိုးရက မပြီးပြတ်ခဲ့သည့် ရထားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်နေဟု နစကဥက္ကဋ္ဌဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း