ထီးချိုင့်မြို့ဝင်ဂိတ်သို့ PDF အဖွဲ့ကလာရောက်ပစ်ခတ်စဉ် ဒေသခံအမျိုးသမီးတစ်ဦးကျည်ထိမှန်သေဆုံးခဲ့ဟု ရဲတပ်ဖွဲ့ထုတ်ပြန်
NSS - အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ဝင်ဂိတ်သို့ PDF အဖွဲ့ကလာရောက်ပစ်ခတ်စဉ် ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၁၉ ရက်၊ ည ၇နာရီအချိန်တွင် ထီးချိုင့်မြို့ဝင်ဂိတ်အနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမြို့ဝင်ဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ထမ်းဆောင်နေစဉ် PDF အဖွဲ့ကရောက်ရှိလာပြီး ပစ်ခက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်သံများကြားရသည့်အတွက် မြို့မဈေးအနီးတွင် ဖွင့်လှစ်ထားသည့် ကုန်စုံဆိုင်မှ အမှတ်(၁)စံပြရပ်ကွက်တွင်နေ မနိုဇင်(၁၅)နှစ်နှင့် မသွန်းရတီ(၂၀)နှစ်တို့(၂)ဦးသည် ဆိုင်အားပိတ်ကာ နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြန်လာစဉ်အချိန်တွင် PDF အဖွဲ့၏ ပစ်ခတ်မှုကြောင့် မသွန်းရတီ၌ လည်ပင်း၊ လက်နှင့် ဝဲ/ယာ ခြေထောက်တို့ ကျည်ထိမှန်ဒဏ်ရာ(၆)ချက်ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မနိုဇင်တွင်လည်း ဝဲရင်အုံမှ နောက်ကျောထိ ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ယာပေါင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူ(၂)ဦးအား ထီးချိုင့်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း မသွန်းရတီတွင် အခင်းဖြစ်ပွားစဉ်က ရရှိခဲ့သော ကျည်ထိမှန်ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လူနေရပ်ကွက်အတွင်းသို့ လာရောက်ပစ်ခတ်တိုက်ခိုက်မှုကျူးလွန်ခဲ့သူများကို ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-23/ 1:30 PM)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း