အမေရိကန်စစ်သား တစ်ဝက်ကျော် အဝလွန်နေဟု လေ့လာမှုစစ်တမ်းတစ်ရပ်တွင် ဖော်ပြ
Pika (NSS) - အောက်တိုဘာ ၂၃
အမေရိကန်စစ်သားအားလုံး၏ ထက်ဝက်ကျော်သည် အဝလွန်ရောဂါကို ခံစားနေရသူများ (သို့မဟုတ်) အဝလွန် နေသူများဖြစ်ကြောင်း မကြာသေးမီက လေ့လာမှုတစ်ခုကို ကိုးကားပြီး New York Post သတင်းဌာနက ဖော်ပြခဲ့သည်။
အရည်အချင်းပြည့်မှီသော ဝန်ထမ်းများနည်းပါးလာမှုကို ကိုးကားပြီး ယခုနှစ်တွင် ကြည်းတပ်၊ ရေတပ်နှင့် လေတပ် တို့၏ လူသစ်စုဆောင်းရေးရည်မှန်းချက်များမှာ ပြည့်မှီမည်မဟုတ်ကြောင်း ပြီးခဲ့သည့်မေလတွင် စစ်တပ်ခေါင်းဆောင်များက အမေရိကန်လွှတ်တော်သို့ ပြောကြားခဲ့သည်။
စစ်တပ်တပ်ဖွဲ့ဝင်များကြား အဝလွန်မှုနှုန်းသည် ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း နှစ်ဆတိုးလာကြောင်းလည်း ဖော်ပြထားသည်။ တွေ့ရှိချက်များအရ ခန္ဓာကိုယ်အဆီအလွန်အကျွံထွက်ခြင်းသည် တာဝန်ထမ်းဆောင်လိုသော လူများအတွက် အရည်အချင်းမပြည့်မှီသော အချက်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။
ဝန်ဆောင်မှုအဖွဲ့ဝင်များ၏ အဝလွန်ခြင်းသည် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေပြီး လက်နက်ကိုင်တပ်ဖွဲ့များ ၏ ကြံ့ခိုင်မှုနှင့် စွမ်းဆောင်ရည်များကို ကျဆင်းစေနိုင်ကြောင်း အမေရိကန်လုံခြုံရေးပရောဂျက်က ဝေဖန်ပြောခဲ့ သည်။
အဆိုပါလေ့လာမှုတွင် "ရှေ့တန်းစစ်မြေမျက်နှာပြင်က စစ်သားတွေထဲမှာ အဝလွန်တာကို ဖော်ထုတ်ခြင်း၊ ရောဂါ ရှာဖွေခြင်းနဲ့ ကုသခြင်းတို့ဟာ တပ်ဖွဲ့ဝင်တွေရဲ့ရေရှည်ရှင်သန်နိုင်မှုကို ဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်" ဟု ရေးသား ထားသည်။ အဆိုပါပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဝန်ဆောင်မှုအဖွဲ့ဝင်များ၏ ခန္ဓာကိုယ်ထုထည် ညွှန်းကိန်းကို မကြာခဏစစ်ဆေးရန် အမေရိကန်လုံခြုံရေး ပရောဂျက်က အကြုံပြုထားကြောင်း သိရသည်။
အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်၏ ဒေတာအချက်အလက်များအရ အသက်(၁၇)နှစ် နှင့် (၂၄)နှစ်ကြားရှိ အမေရိကန်နိုင်ငံသားများသည် စစ်မှုထမ်းရန်အတွက် ပညာရပ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာအရ အရည်အချင်း ပြည့်မှီကြောင်း သိရသည်။
အဝလွန်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း နှင့် စိတ်ရောဂါကဲ့သို့သော ပြဿနာများကြောင့် အမေရိကန်ရှိလူငယ် (၁ဝ) ဦးတွင် အနည်းဆုံး(၇)ဦးမှာ စစ်မှုထမ်းရန် အရည်အချင်းမပြည့်မှီကြောင်း အမေရိကန်စစ်တပ် ခန့်အပ်ရေးကွပ်ကဲမှု အဖွဲ့၏ ပြောဆိုချက်အရ သိရသည်။
ပြီးခဲ့သည့်ဧပြီလတွင် အမေရိကန်လေတပ်သည် အဝလွန်ခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီး အမျိုးသားများကို (၂၆)ရာခိုင်နှုန်းအထိ ခန္ဓာကိုယ်အဆီရှိခွင့်ပြုခဲ့သလို အမျိုးသမီးများကို(၃၆)ရာခိုင်နှုန်းအထိ ခန္ဓာကိုယ်အဆီရှိ ခွင့်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါခွင့်ပြုချက်များမတိုင်မီ သတ်မှတ်ချက်များမှာ အမျိုးသားများ အတွက်(၂ဝ)ရာခိုင်နှုန်း နှင့် အမျိုးသမီးများအတွက် (၂၈)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၂၂ ရက်အတွင်းဖြစ်ပွားခဲ့သော သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ