ပါလက်စတိုင်းပြည်သူများအတွက် အစ္စရေးနဲ့ ဟားမက်စ်တို့စစ်ပွဲမှာ ပါဝင်တိုက်ခိုက်လိုကြောင်း ထုတ်ဖော်ပြောဆို လိုက်တဲ့ UFC တိုက်ခိုက်ရေးသမား
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၂
ရုရှားနိုင်ငံ ချေချင်းညာဒေသမှ နာမည်ကျော် UFC တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်တဲ့ ခမ်ဇက် ချီမက်ဗ့်က အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ ပါလက်တိုင်းဘက်က ပါဝင်တိုက်ခိုက်သွားလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ၎င်းက ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ UFC 294. ပွဲစဉ်အပြီး ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်မှာ အခုလိုမျိုးထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
၎င်းက "ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသလဲဆိုတာကို လူတိုင်း သိပါတယ်။ ကျွန်တော်ဟာ ဒီသီတင်းပတ်အတွင်း ယှဉ်ပြိုင်ရတဲ့ပွဲစဉ်အပေါ် ပျော်ရွှင်မှုမရှိပါဘူး။ ဘာလို့လဲဆိုရင် ဂါဇာဒေသမှာ ပါလက်စတိုင်း ကလေးငယ်တွေ သေဆုံးနေတာကို စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်ဟာ ပါလက်စတိုင်းပြည်သူတွေကို အားပေးထောက်ခံပါတယ်။ ကျွန်တော်ကိုသာခွင့်ပြုမယ်ဆိုရင် အဲဒီဂါဇာဒေသကို သွားရောက်ပြီး ပါလက်စတိုင်းတွေအတွက် တိုက်ခိုက်သွားလိုတယ်။ ကျွန်တော်အနေနဲ့ ပါလက်တိုင်းလူမျိုးတွေ ရှိနေတဲ့ နေရာကို ပထမဆုံး ခရီးသွားလိုတယ်။ ကျွန်တော်ကို သေနတ်ပေးပါ။ ပါလက်တိုင်းပြည်သူတွေအတွက် တိုက်ခိုက်ခွင့်ပေးပါ" လို့ ပြောပါတယ်။
ဂါဇာဒေသမှာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် အစ္စရေးပြည်သူ ၁၄ဝဝ ကျော် သေဆုံးထားသလို ပါလက်စတိုင်းပြည်သူ ၄ဝဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။ အစ္စရေးဟာ ဟားမက်စ်အဖွဲ့တွေကို အမြတ်ပြတ်သုတ်သင်နိုင်ဖို့ ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွှဲဖို့ စီစဉ်နေရာ ဒေသအတွင်း တင်းမာမှုတွေ ပိုမိုမြင့်တက်လာနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စိုက်ပျိုးရေးဦးစီးဌာနက အခြေခံပညာအထက်တန်းကျောင်း (၅၁)ကျောင်းအတွက် ဝန်ထမ်း (၅၀၀)ကျော် ခေါ်ယူနေ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း