Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒဂုံစင်တာအနီးတစ်ဝိုက်၌ ကျောင်းသားလူငယ်များအား ပစ်မှတ်ထား၍ ခါးပိုက်နှိုက်လုယက်သောအဖွဲ့ကို ရဲတပ်ဖွဲ့ဖမ်းဆီး

မြူနစ် (NSS) - အောက်တိုဘာ ၂၂

ရန်ကုန်မြို့ရှိ ဒဂုံစင်တာအနီးတစ်ဝိုက်၌ ကျောင်းသားလူငယ်များအား ပစ်မှတ်ထား၍ ခါးပိုက်နှိုက်လုယက်နေသောအဖွဲ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။


အဆိုပါခါးပိုက်နှိုက်အဖွဲ့ကို ယမန်နေ့(အောက်တိုဘာလ ၂၁ ရက်)တွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်အတွင်း၌ပင် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက NSS ကိုပြောသည်။

“မနေ့ကပဲ ခါးပိုက်နှိုက်အဖွဲ့က (၄)ယောက်ကို ဖမ်းမိတာ။ စမ်းချောင်းရဲစခန်းမှာ ဖမ်းထားတယ်။ သူတို့က မြေနီကုန်း၊ မဟာမြိုင်၊ ဒဂုံစင်တာ၊ စမ်းချောင်း အဲဒီအနီးတစ်ဝိုက်မှာ လှုပ်ရှားခါးပိုက်နှိုက်ကြတာပေါ့။ အဲဒီအဖွဲ့နဲ့ပတ်သက်လို့လည်း ၁၉၉ က တစ်ဆင့် ဖုန်းဆက်တိုင်တာတွေလည်း ရှိပါတယ်။ အဲဒါကြောင့် နယ်မြေဆင်းပြီးတော့ စုံစမ်းဖမ်းဆီးခဲ့တာပါ” ဟု အထက်ပါ ရဲတပ်ဖွဲ့ဝင်က ပြောသည်။

အထက်ပါနေရာများတွင် လှုပ်ရှားနေသော ခါးပိုက်နှိုက်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူလူငယ်များကို အဓိကပစ်မှတ်ထားကာ ခါးပိုက်နှိုက်နေခြင်းဖြစ်ကြောင်း ကြားသိရသည်။

အလားတူ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် YBS ကားများပေါ်တွင် အုပ်စုဖွဲ့ ခါးပိုက် နှိုက်သည့်ဖြစ်စဉ်များ မကြာခဏ ဆိုသကဲ့သို့ ဖြစ်ပွားလျက်ရှိနေသည့်အပြင် တစ်ခါတစ်ရံ ရန်ပြုတိုက်ခိုက်မှုများပင်ရှိကြောင်းသိရသည်။

“ခါးပိုက်နှိုက်တဲ့ဖြစ်စဉ်တွေက မကြာခဏဆိုသလို ကြားရတယ်။ ဖုန်းပါသွားပြန်ပြီ၊ ပိုက်ဆံအိတ် ပါသွားပြန်ပြီဆိုပြီးတော့ ခဏခဏ ကြားရတယ်။ ဘတ်စ်ကားပဲ စီးနေတဲ့သူဆိုတော့ ဒီကာလအတော်လေး သတိထားရတယ်။ ကားတွေပေါ် အုပ်စုဖွဲ့တက်လာပြီးတော့ နှိုက်တာဆိုတော့လေ။ အဓိကတော့ သေချာစီမံချက်ချပြီး ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်”ဟု YBS စီးနင်းသူတစ်ဦးက NSS ကိုပြောသည်။

လွန်ခဲ့သော ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်မြို့ရှိ YBS ခရီးသည်တင်ကားများပေါ်၌ အုပ်စုဖွဲ့ကာ ခါးပိုက်နှိုက်မှု၊ လုယက်မှုများ ကျူးလွန်နေသော လူ(၆)ဦးပါအဖွဲ့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်များအရ သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပါလက်စတိုင်းပြည်သူများအတွက် အစ္စရေးနဲ့ ဟားမက်စ်တို့စစ်ပွဲမှာ ပါဝင်တိုက်ခိုက်လိုကြောင်း ထုတ်ဖော်ပြောဆို လိုက်တဲ့ UFC တိုက်ခိုက်ရေးသမား

RELATED POSTS
RECENT POSTS
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved