တရုတ် Tsingtao ဘီယာစက်ရုံရဲ့ကုန်ကြမ်းပစ္စည်းတွေကြားမှာ အပေါ့သွားနေတဲ့ အလုပ်သမားရဲ့ဗီဒီယိုထွက်ပေါ်လာပြီးနောက် စုံစမ်းစစ်ဆေးမှုတွေစတင်
ရောင်နီ (NSS) - အောက်တိုဘာ ၂၂
တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ဘီယာစက်ရုံဖြစ်တဲ့ Tsingtao မှာ ဝန်ထမ်းတစ်ဦးဟာ ကုန်ကြမ်းပစ္စည်းတွေကြား အပေါ့သွားနေတဲ့ ဗီဒီယိုတစ်ခု ယခုသီတင်းပတ်အတွင်း အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။
ကြာသပတေးနေ့ (အောက်တိုဘာလ ၁၉ ရက်)က အွန်လိုင်းပေါ်မှာ နာမည်ကြီးခဲ့တဲ့ အဆိုပါ ဗီဒီယိုဖိုင်မှာ Tsingtao ဘီယာချက်စက်ရုံရှိ ဂိုဒေါင်တစ်ခုမှ အလုပ်သမား အမျိုးသားတစ်ဦး ကုန်ကြမ်းပစ္စည်းတွေထားတဲ့ ကွန်တိန်နာထဲ တိုးဝင်ပြီး အပေါ့သွားနေတာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ဟာ တရုတ်လူမှုကွန်ရက် မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့ခဲ့ပြီး Weibo ပလက်ဖောင်းပေါ်မှာ ကြည့်ရှုသူသန်းဆယ်ချီရှိခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဆီ ဆက်သွယ်မေးမြန်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း Tsingtao က သောကြာနေ့(အောက်တိုဘာလ ၂၀ ရက်)မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါ ဗီဒီယိုဟာ တရုတ်နာမည်ကြီး အဖျော်ယမကာ brand တစ်ခုအတွက် မဖြစ်သင့်ဘူးလို့ဆိုကာ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ Tsingtao ဟာ တရုတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ဘီယာချက် ကုမ္ပဏီဖြစ်ပြီး အာရှတစ်ဝန်းမှာလည်း နာမည်ကြီးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွှဲမယ်ဆိုရင် အစ္စရေးတို့ ကြီးမားတဲ့ ပေးဆပ်မှုတွေ ရင်ဆိုင်ရမယ်လို့ ဟစ်ဘိုလာအဖွဲ့သတိပေး
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း