ရုရှား-တရုတ်ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုလျှော့ချရေးအစီအစဉ်က အပြီးသတ်လုနီးပါဖြစ်နေ
Pika (NSS) - အောက်တိုဘာ ၂၁
ရုရှား၏နိုင်ငံခြားကုန်သွယ်မှုများတွင် ရူဘယ်လ်နှင့်ယွမ်ငွေကြေးတို့ဖြင့် အခြေချမှုသည် (၇၀)ရာခိုင်နှုန်းထိ ပြီးမြောက်လာပြီဖြစ်ကြောင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maksim Reshetnikov က အောက်တိုဘာလ(၂၀)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ရုရှားသည် အနောက်အုပ်စုနိုင်ငံသုံးငွေကြေးများအသုံးပြုမှုအား လျှော့ချမှုလုပ် ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ ရူဘယ်လ်နှင့်ယွမ်ငွေကြေးအခြေချမှုများ ပိုမိုအရှိန် မြင့်လာခြင်းဖြစ်သည်။ ရုရှားနှင့်တရုတ်ကြား ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုလျှော့ချရေးအစီအစဉ်သည် အပြီးသတ်လုနီးပါးဖြစ်နေပြီဖြစ်ကြောင်း Maksim Reshetnikov ကပြောဆိုခဲ့သည်။
၎င်းက "ကျွန်တော်တို့ရဲ့ ကုန်သွယ်မှုက ပြန်လည်ဖွဲ့စည်းတည်ဆောက်မှုတစ်ခုပါပဲ။ ကုန်သွယ်မှုညွှန်းကိန်းတွေအရတော့ ကျွန်တော်တို့ရဲ့ ကုန်သွယ်မှု(၆၈) ရာခိုင်နှုန်းကို ရူဘယ်လ်နဲ့ ယွမ်တို့ကို အသုံးပြုခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့နဲ့ တရုတ်ကြားကုန်သွယ်မှု(၉၅)ရာခိုင်နှုန်းကိုတော့ ရူဘယ်လ်၊ ယွမ်ငွေကြေးတို့နဲ့ အခြေချထားပါတယ်။ ငွေပေးချေမှုတွေနဲ့ပတ်သက်တဲ့ ပြဿနာကိုတော့ ဖြေရှင်းပြီးပါပြီ။"ဟုပြောဆိုခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ယွမ်ငွေကြေးသည် တရုတ်နှင့် ရုရှား၏သွင်းကုန်အခြေချမှုများတွင် အမေရိကန်ဒေါ်လာကို ကျော်တက်သွားခဲ့ကြောင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော အချက်အလက်များအရသိရသည်။ ရုရှားနိုင်ငံသည် မွန်ဂိုလီးယား၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ယူအေအီး၊ ထိုင်း၊ ဂျပန်၊ တာဂျစ်ကစ္စတန်၊ စင်ကာပူတို့နှင့် ကုန်သွယ်မှုများကို တရုတ်နိုင်ငံသုံးငွေကြေးယွမ်ကို စတင်အသုံးပြုခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ၏နျူကလီးယားလက်နက် အရေအတွက်လျင်မြန်စွာဖွံဖြိုးတိုးတက်နေကြောင်း ပင်တဂွန်သတိပေး
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း