ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်း၏ရုပ်အလောင်းအား (၁၀)နာရီနီးပါး ခက်ခက်ခဲခဲထုတ်ယူခဲ့ရ
Pearl (NSS) - အောက်တိုဘာ ၂၁
ရန်ကုန်-မန္တလေး လမ်းဟောင်း၌ တွဲကားနောက်ပိုင်းကို (၁၂)ဘီးကားမှ အရှိန်ပြင်းစွာ တိုက်မိမှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးသွားခဲ့ကြောင်း ရင်ခုန်သံရှင်ရေး ကူညီမှုအသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်)၊ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ အင်ဒိုင်းကျေးရွာရှေ့၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်း၌ ကြက်စာများတင်လာသောတွဲကား၏ နောက်ပိုင်းကို အအေးကတ် နှင့် ရေသန့်ကတ်များ တင်လာသော (၁၂)ဘီးကားမှ အရှိန်ပြင်းစွာ ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
"ရန်ကုန်ဘက်ကနေ မန္တလေးဘက်လာတဲ့ကား (၂)စီးတိုက်မိတာပေါ့။ အရှိန်တော်တော်ကိုပြင်းတယ်။ ဖြစ်ဖြစ်ချင်း လူနာက အသက်ရှင်သေးတော့ Oxygen ပေးပြီး ကယ်ဆယ်ရေးတွေလုပ်တာ။ ကားက အရှိန်တော်တော်ပြင်းတော့ တစ်စီးနဲ့တစ်စီးကို ဘယ်လိုမှကို ခွာလို့မရဘူး။ ည(၁၂)နာရီလောက်မှာ Dead Body ဖြစ်သွားတယ်။ ဒီမနက် (၁၀)နာရီလောက်မှာတော့ Dead Body ကို အပြင်ထုတ်လို့ရသွားတယ်"ဟု ရင်ခုန်သံရှင်ရေး ကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဖြစ်စဉ်ကြောင့် (၁၂)ဘီးကား၏ယာဉ်မောင်းအမျိုးသား ကားအတွင်း၌ညပ်နေပြီး အရေးပေါ် Oxygen တပ်ဆင်ပေး၍ ရင်ခုန်သံ ရှင်/ကူ Rescue ပစ္စည်းအစုံအပြင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ Cutter မျိုးစုံဖြင့် ကယ်ထုတ်သော်လဲ မထုတ်ယူနိုင်ဘဲ ည(၁၂)ခွဲအချိန်ခန့်တွင် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ယနေ့ (အောက်တိုဘာလ ၂၁ ရက်) ၊ နံနက် (၁၀)နာရီ အချိန်ခန့်တွင် ၁၂ဘီးကား ယာဉ်မောင်း၏ ရုပ်အလောင်းအား အပြင်သို့သယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။
သေဆုံးသူသည် မိတ္ထီလာမြို့တွင် နေထိုင်သော အသက်(၃၅)နှစ် ခန့်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ၎င်းရုပ်အလောင်းအား ကျွဲပွဲတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသား(၃)ဦးနှင့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု ရေစကြိုမြို့နယ်၌ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း