အမျိုးသား(၃)ဦးနှင့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု ရေစကြိုမြို့နယ်၌ဖြစ်ပွား
NSS - အောက်တိုဘာ ၂၁
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အမျိုးသား(၃)ဦးနှင့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၁၇ ရက်၊ ည ၉နာရီခွဲအချိန်တွင် ရေစကြိုမြို့နယ်၊ ငါးလန်ကျေးရွာအတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးထွန်းမင်းလွင်(၄၀)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ကေသီခိုင်(၄၀)နှစ်၊ သားဖြစ်သူ မောင်သော်ဇင်ထွန်း (၅)နှစ်၊ ဦးဉာဏ်မြင့် (၅၄)နှစ်၊ ဦးသန်းနုဝင်း(၅၆)နှစ်တို့သည် ၎င်းတို့နေအိမ်အသီးသီ၌ ရှိနေစဉ် PDF အဖွဲ့ အင်အား(၂၅)ဦးက နေအိမ်များအတွင်းသို့ဝင်ရောက်ကာ အကြောင်းမဲ့သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးထွန်းမင်းလွင်၊ ဒေါ်ကေသီခိုင်၊ ဦးဉာဏ်မြင့်နှင့် ဦးသန်းနုဝင်းတို့(၄)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး (၅)နှစ်အရွယ် မောင်သော်ဇင်ထွန်း၌ ယာလက်မောင်းကျည်ထိမှန်ဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်း သိရ သည်။
ထို့နောက် ကျည်ထိမှန်ဒဏ်ရာရရှိသူ ကလေးငယ်အား လိုအပ်သောဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘဏ်အရစ်ကျချေးငွေများကြောင့် အိမ်ခြံမြေအသစ်များ ဝယ်ယူမှုမြင့်တက်လာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း