သီတင်းကျွတ်ပိတ်ရက်အတွက် အထူးရထားခရီးစဉ်များ ပြေးဆွဲသွားမည်
စော (NSS) - အောက်တိုဘာ ၂ဝ
လာမည့် သီတင်းကျွတ်ပိတ်ရက်အတွက် အထူးရထား ခရီးစဉ်များ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီရထားထံမှ သိရသည်။
အဆိုပါ အထူးရထားခရီးစဉ်များမှာ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-နေပြည်တော် အထူးရထားများ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်-ပြည်ရထားခရီးစဉ်မှာ RBE ရထားတွေပြေးဆွဲဖို့ စီစဉ်ထားတယ်။ ရန်ကုန်-နေပြည်တော်ရထားခရီးစဉ်ကိုလည်း ရုံးတွေ၊ ကျောင်းတွေပိတ်တာနဲ့ ပြေးဆွဲပေးမှာပါ။ လက်မှတ်တွေကတော့ အရင်လိုပဲ ရောင်းပေးမှာပါ” ဟု မြန်မာ့မီရထားမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အထူးရထားများအတွက် လက်မှတ်များကို မနက် (၇)နာရီမှ မွန်းလွဲ (၃)အထိ လေးရက်ကြိုတင် ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောထားသည်။
အဆိုပါ အထူးရထားခရီးစဉ်များကို မည်သည့်နေ့တွင် စတင်ပြေးဆွဲမည်ကို အတိအကျ မသိရသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သူနာပြု-သားဖွားဒီပလိုမာ အောင်မြင်သူ (၁၇၀၀) ကျော်ကို သစ်လွင်သူနာပြုများအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ခန့်အပ်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း