ရွှေတိဂုံဘုရားနှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်မည့် မြေအောက်လမ်းကူးလူသွားဥမင် တည်ဆောက်မည်
မျိုးကြီး (NSS) - အောက်တိုဘာ ၂ဝ
ရွှေတိဂုံဘုရား(အနောက်ဘက်မုခ်) နှင့် ပြည်သူ။့ရင်ပြင်ကို ဆက်သွယ်မည့် မြေအောက်လမ်းကူးလူသွားဥမင်တစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါမြေအောက်လမ်းကူးလူသွားဥမင်(underpass) တည်ဆောက်ရန်အတွက် မြေသန့်မင်္ဂလာအခမ်းအနားကို ယမန်နေ့ (အောက်တိုဘာ ၁၉ ရက်) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က သတင်းထုတ်ပြန်ထားသည်။
မြေအောက်လမ်းကူးလူသွားဥမင်ကို ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း၊ ရွှေတိဂုံစေတီတော်(အနောက်ဘက်မုခ်) နှင့် ပြည်သူ့ရင်ပြင်ကြားတွင် တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြီးကြပ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများသွားလာရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် နှင့် သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ရေးအပါအဝင် ခေတ်မီအခြေခံအဆောက်အဦးတစ်ခု ထပ်မံ ပေါ်ပေါက်လာစေရန် ရည် ရွယ်ကာ တည်ဆောက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်က ဆိုသည်။
၎င်း မြေအောက်လမ်းကူးလူသွားဥမင်သည် အလျား ၄၆၁ ပေ ၉ လက်မ အရှည်ရှိပြီး လူသွားလမ်းအကျယ်မှာ ၂၃ ပေ ရှိကြောင်း သိရသည်။
ထို့ပြင် မြေအောက်လမ်းကူးလူသွားဥမင်တွင် ဝင်ထွက်ပေါက် (၄)ပေါက် ပါဝင်မည်ဖြစ်ပြီး ရွေ့လျားစက်လှေကား (၄) စင်း၊ မသန်စွမ်းသူများအသုံးပြုရန် (၁ဝ)ယောက်စီး ဓာတ်လှေကား (၂)စင်းတို့ကိုလည်း ထည့်သွင်းတည် ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံဘုရား(အနောက်ဘက်မုခ်) နှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်မည့် မြေအောက်လမ်းကူးလူသွားဥမင်၏ စီမံကိန်းကာ လမှာ (၁၄)လခန့်ကြာမြှင့်နိုင်မည်ဟုလည်း ရန်ကုန်မြို့တော်စည်ပင်က အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းထူးများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ