ဒလန်ဟုစွပ်စွဲပြောဆိုကာ တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် အရပ်သားတစ်ဦးသေဆုံး
Pearl (NP News) - ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်တွင် ဒလန်ဟုစွပ်စွဲပြောဆိုကာ တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၃)ရက်၊ နံနက် (၁၁)နာရီ အချိန်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ သူဋ္ဌေးကုန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သူဌေးကုန်း ရပ်ကွက်တွင်နေထိုင်သော ဦးကောင်းထက်အောင်(၅ဝ)နှစ်သည် နေအိမ်၌ရှိနေစဉ် အကြမ်း ဖက်အဖွဲ့အင်အား (၅) ဦးခန့်က ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာကြောင်းသိရသည်။
ထို့နောက် ၎င်းအား ဒလန်ဟုစွပ်စွဲပြောဆိုကာ တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ဦးကောင်းထက်အောင်တွင် ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ၊ နောက်စေ့ပေါက်ပြဲဒဏ်ရာ၊ လက်ကောက်ဝတ် ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။
zawgyi version
Comments :
0 comments
PREVIOUS
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Next
ဆီတင်သွင်းသူ အဖြစ်မှ ဆီတင်ပို့နိုင်သည့် နိုင်ငံဖြစ်ရေး စတင်ပြင်ဆင်ရန် စီးပွားကူးသန်းဝန်ကြီးပြော
RELATED POSTS
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း