Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆီတင်သွင်းသူ အဖြစ်မှ ဆီတင်ပို့နိုင်သည့် နိုင်ငံဖြစ်ရေး စတင်ပြင်ဆင်ရန် စီးပွားကူးသန်းဝန်ကြီးပြော

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၆

စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူအဖြစ်မှ ပြည်ပကိုပြန်လည်တင်ပို့နိုင်သည့် လုပ်ငန်းရှင်ဖြစ်အောင် ပြင်ဆင်မှုများ စတင်ရမည့်အချိန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၄)ရက်တွင် ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် နိုင်ငံတော်အနေဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် စားသုံးဆီတိုးမြှင့်ထုတ်လုပ်ရေးတို့အတွက် မူဝါဒများ ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။

ထို့ပြင် ဆီတင်သွင်းသူအဖြစ်မှ ပြည်ပသို့ ဆီတင်ပို့သည့် နိုင်ငံအဖြစ်ရောက်ရှိအောင် စတင်ပြင်ဆင်ရန် အချိန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။


မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ပြည်တွင်းဆီထုတ်လုပ်မှုဖြင့် မဖြည့်ဆည်းနိုင်သဖြင့် နှစ်စဥ်ပြည်ပမှ စားသုံးဆီတန်ချိန် (၈)သိန်းခန့် တင်သွင်းနေရသည်။

ပြည်တွင်း၌ နှစ်စဥ်စားသုံးရန်နှင့် လုပ်ငန်းသုံးရန် ဆီလိုအပ်ချက်တန်ချိန် (၁ ဒသမ ၁)သန်းခန့်ရှိပြီး ဆီလိုအပ်ချက်၏ (၆ဝ) ရာခိုင်နှုန်းခန့်အထိ ပြည်ပမှတင်သွင်းနေရကြောင်း သိရသည်။

ပြည်တွင်းစားသုံးဆီလိုအပ်ချက် ပြည့်မီဖူလုံစေရေးအတွက် လိုအပ်ချက်များကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ဆီထွက်သီးနှံ စိုက်ပျိုးသည့် လုပ်ငန်းရှင်များနှင့် ဆီထုတ်လုပ်သူများကလည်း အမှန်တကယ် အလုပ်လုပ်ကြရန် လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ပြောဆိုထားဖူးသည်။

မြန်မာနိုင်ငံအနေဖြင့် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာတို့ကို မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် အဓိက စိုက်ပျိုးကြသည်။

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံစိုက်ဧကသည် စုစုပေါင်းသီးနှံစိုက်ဧက၏ (၁၆ ဒသမ ၉) ရာခိုင်နှုန်းရှိကြောင်း  သိရသည်။

ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်မှစတင်ပြီး နေကြာစိုက် ဧက (၁)သိန်းခွဲတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အသိပေးထားသည်။


zawgyi version












Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရခိုင်မှ နေရပ်စွန့်ခွာသူများအနက် လူ(၁ဝဝဝ)ကျော်ကို ပြန်လည်လက်ခံရန် ညှိနှိုင်းပြင်ဆင်နေဟု နိုင်ငံ ခြားရေးဝန်ကြီးဌာနဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved