ဒူးဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ရတော့မယ့် ဘရာဇီးတိုက်စစ်မှူးနေမာ
Pika (NSS) - အောက်တိုဘာ ၁၉
ဥရုဂွေးနှင့်ကစားခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဘရာဇီးလ်တိုက်စစ်မှူးနေမာသည် ဒူးခေါင်းအရွတ် ဒဏ်ရာရရှိခဲ့ပြီးနောက် ခွဲစိတ်ကုသမှုများ လုပ်ဆောင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းသိရသည်။
ဥရုဂွေးအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် နေမာသည် ဒူးဒဏ်ရာရရှိခဲ့ပြီးနောက် ပွဲချိန်တစ်ဝက်တွင် လူစားလဲခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါကစားပွဲအပြီးတွင် နေမာသည် ဆေးစစ်ချက်များကို လုပ်ဆောင်ခဲ့ပြီး ခွဲစိတ်ကုသမှုများခံယူရမည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။
နေမာက "ဒါဟာ အရမ်းဝမ်းနည်းစရာကောင်းတဲ့ အခိုက်အတန့်ပါပဲ။ ကျွန်တော်သန်မာတယ်ဆိုတာသိပေမယ့် ဒီအချိန်မှာတော့ ကျွန်တော့်မိသားစုတွေနဲ့ သူငယ်ချင်းတွေကို လိုအပ်ပါတယ်။ ခွဲစိတ်ကုသမှုတွေလုပ်ဖို့ဆိုတာ လွယ်တဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ခွဲစိတ်ကုသမှုတွေ လုပ်ပြီးရင် (၄)လလောက်အနားယူပြီးမှ ပြန်လည်ကစားခွင့်ရမှာပါ။ ဒါပေမယ့် ဒီဒဏ်ရာကနေ ပြန်ကောင်းလာမယ်ဆိုတာကိုတော့ ကျွန်တော်ယုံကြည်ပါတယ်။ကျွန်တော်တို့ကို အားပေးတဲ့စာတွေ ပေးပို့ခဲ့တဲ့ လူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်"ဟု အင်စတာဂရမ်တွင်ရေးသားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘတ်ဂျက်ငွေ ကြိုတင်စိစစ်ရေးကော်မတီ ဖွဲ့စည်းရန် နစကဥက္ကဋ္ဌအကြံပြု
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း