ကျေးရွာအုပ်ချုပ်ရေးမှူးအား နေအိမ်မှဖမ်းဆီးခေါ်ဆောင်ကာ ခေါင်းဖြတ်သတ်မှု မင်းဘူးမြို့တွင် ဖြစ်ပွား
Pearl (NP News) - ဖေဖော်ဝါရီ ၂၆
မကွေးတိုင်း၊ မင်းဘူးမြို့နယ်တွင် လက်နှစ်ဖက်ကြိုးတုတ်ခံထားရကာ ဦးခေါင်းပြတ်လျက် သေဆုံးနေသည့် အုပ်ချုပ်ရေးမှူးအား တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၃)ရက်၊ နံနက် (၆)နာရီခွဲ အချိန်ခန့်တွင် မင်းတုန်းမြို့နယ်၊ ဝက်ကော်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ကျေးရွာတွင်နေထိုင်သော အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်အောင်(၅၉)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား(၄)ဦးခန့်က ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာကြောင်းသိရသည်။
ထို့နောက် ဦးမြင့်အောင်အား ဝက်ကော်ကျေးရွာ၏အနောက်ဘက် (၁)မိုင်ခန့်အကွာတွင်ရှိသော ဒေသအ ခေါ် ဆင်ဖြူကန်ကြောဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ရာ ၎င်းတွင် လက်နှစ်ဖက်ကြိုးတုတ်လျက် ဦးခေါင်းပြတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
zawgyi version
ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးအား ေနအိမ္မွဖမ္းဆီးေခၚေဆာင္ကာ ေခါင္းျဖတ္သတ္မႈ မင္းဘူးၿမိဳ႕တြင္ ျဖစ္ပြား
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၆
မေကြးတိုင္း၊ မင္းဘူးၿမိဳ႕နယ္တြင္ လက္ႏွစ္ဖက္ႀကိဳးတုတ္ခံထားရကာ ဦးေခါင္းျပတ္လ်က္ ေသဆုံးေနသည့္ အုပ္ခ်ဳပ္ေရးမႉးအား ေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၂၃)ရက္၊ နံနက္ (၆)နာရီခြဲ အခ်ိန္ခန႔္တြင္ မင္းတုန္းၿမိဳ႕နယ္၊ ဝက္ေကာ္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
အဆိုပါ ေက်း႐ြာတြင္ေနထိုင္ေသာ အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးျမင့္ေအာင္(၅၉)ႏွစ္သည္ ၎၏ ေနအိမ္၌ ရွိေနစဥ္ အၾကမ္းဖက္သမား(၄)ဦးခန႔္က ဆိုင္ကယ္(၂)စီးျဖင့္ ေရာက္ရွိလာေၾကာင္းသိရသည္။
ထို႔ေနာက္ ဦးျမင့္ေအာင္အား ဝက္ေကာ္ေက်း႐ြာ၏အေနာက္ဘက္ (၁)မိုင္ခန႔္အကြာတြင္ရွိေသာ ေဒသအ ေခၚ ဆင္ျဖဴကန္ေၾကာဘက္သို႔ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္းသိရသည္။
ထိုသို႔ဖမ္းဆီးေခၚေဆာင္သြားၿပီး သတ္ျဖတ္ခဲ့ျခင္းျဖစ္ရာ ၎တြင္ လက္ႏွစ္ဖက္ႀကိဳးတုတ္လ်က္ ဦးေခါင္းျပတ္ဒဏ္ရာျဖင့္ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒလန်ဟုစွပ်စွဲပြောဆိုကာ တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် အရပ်သားတစ်ဦးသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း