စစ်တွေမြို့၌ အသက်(၁၇)နှစ်အရွယ်ကျောင်းသူတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
စော (NP News) - ဖေဖော်ဝါရီ ၂၆
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ အသက်(၁၇)နှစ်အရွယ်ကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၂၅)ရက်၊ နေ့လည် (၁)နာရီအချိန်ခန့်တွင် စစ်တွေမြို့၊ ဖောင်နီပြင်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သိရသည်။
“အသက်က (၁၇)နှစ် စနစ်သစ် ကိုးတန်းအရွယ်ပါ။ မိသားစုနဲ့ ပြဿနာဖြစ်တာကြောင့် စိတ်ကအခုလိုဖြစ်သွားတာ။ မနက်ပိုင်းမှာ စကားများရန်ဖြစ်ပြီးတော့ နေ့လည်ပိုင်းမှာ ဆုံးသွားတာပါ”ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူ မိန်းကလေးမှာ ကိုတန်းတက်ရောက်နေသူ မဖြိုးနွယ်ဦး(၁၇)နှစ်ဖြစ်ကာ မိသားစုပြဿနာကြောင့် နေအိမ်တွင်ပင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းအား စစ်တွေဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် လပိုင်းကလည်း ရန်ကုန်မြို့တွင် မူကြိုအရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ နေအိမ်တွင် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သည့်အပြင် ဒဂုံမြို့သစ်အရှေ့ပိုင်း၌လည်း ဆရာဝန်တစ်ဦး နေအိမ်၌ ကြိုးဆွဲချအဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။
zawgyi version
စစ္ေတြၿမိဳ႕၌ အသက္(၁၇)ႏွစ္အ႐ြယ္ေက်ာင္းသူတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြား
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၆
ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၌ အသက္(၁၇)ႏွစ္အ႐ြယ္ေက်ာင္းသူတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ (၂၅)ရက္၊ ေန႔လည္ (၁)နာရီအခ်ိန္ခန႔္တြင္ စစ္ေတြၿမိဳ႕၊ ေဖာင္နီျပင္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္းမွ သိရသည္။
“အသက္က (၁၇)ႏွစ္ စနစ္သစ္ ကိုးတန္းအ႐ြယ္ပါ။ မိသားစုနဲ႔ ျပႆနာျဖစ္တာေၾကာင့္ စိတ္ကအခုလိုျဖစ္သြားတာ။ မနက္ပိုင္းမွာ စကားမ်ားရန္ျဖစ္ၿပီးေတာ့ ေန႔လည္ပိုင္းမွာ ဆုံးသြားတာပါ”ဟု ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္းအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသူ မိန္းကေလးမွာ ကိုတန္းတက္ေရာက္ေနသူ မၿဖိဳးႏြယ္ဦး(၁၇)ႏွစ္ျဖစ္ကာ မိသားစုျပႆနာေၾကာင့္ ေနအိမ္တြင္ပင္ ႀကိဳးဆြဲခ်ေသဆုံးခဲ့ျခင္းျဖစ္ၿပီး ၎အား စစ္ေတြေဆး႐ုံႀကီးရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ လပိုင္းကလည္း ရန္ကုန္ၿမိဳ႕တြင္ မူႀကိဳအ႐ြယ္ကေလးငယ္ႏွင့္ မိခင္ျဖစ္သူတို႔ ေနအိမ္တြင္ ႀကိဳးဆြဲခ်ေသဆုံးမႈ ျဖစ္ပြားခဲ့သည့္အျပင္ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္း၌လည္း ဆရာဝန္တစ္ဦး ေနအိမ္၌ ႀကိဳးဆြဲခ်အဆုံးစီရင္မႈ ျဖစ္ပြားခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျေးရွာအုပ်ချုပ်ရေးမှူးအား နေအိမ်မှဖမ်းဆီးခေါ်ဆောင်ကာ ခေါင်းဖြတ်သတ်မှု မင်းဘူးမြို့တွင် ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း