Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမျိုးသား(၇)ဦးက မြေပွဲစားနေအိမ်ကို ဓါးပြဝင်တိုက်စဉ် အလည်ရောက်ရှိနေသည့် ဒုရဲမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ

NP News - ဖေဖော်ဝါရီ ၂၆

အမျိုးသား(၇)ဦးက မြေပွဲစားနေအိမ်ကို ဓါးပြဝင်တိုက်စဉ် အလည်ရောက်ရှိနေသည့် ဒုရဲမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၅ ရက်၊ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊(ဋ)ရပ်ကွက်၊ ညောင်ပင်ကုန်းကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်က NP News ကို ပြောဆိုထားသည်။

ပစ္စတိုသေနတ်များကိုင်ဆောင်ထားသည့် အမျိုးသား(၇)ဦးသည် ညောင်ပင်ကုန်းကျေးရွာရှိ မြေပွဲစားအလုပ်လုပ်ကိုင်သူ ဒေါ်ခင်လှ နေအိမ်ရှေ့သို့ ဆိုင်ကယ်များဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းအမျိုးသား(၇)ဦးသည် နေအိမ်အတွင်းဝင်ရောက်လာကာ သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ပိုက်ဆံနှင့်ရွှေလက်ဝတ်ရတနာများကို ဓါးပြတိုက်ယူသွားခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။

ထိုသို့ ဓါးပြတိုက်နေစဉ်အချိန်တွင် မြေပွဲစားဒေါ်ခင်လှနေအိမ်သို့ အလည်ရောက်ရှိနေသည့် မြစ်ငယ်မီးရထားတပ်ဖွဲ့မှူး ဒုရဲမှူးဝင်းမင်းသန့်မှာ ၎င်း၏အိတ်ကပ်အတွင်းရှိ စကားပြောစက်မှ အသံထွက်ပေါ်လာစဉ်အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဒုရဲမှူးဝင်းမင်းသန့်သည် သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခံခဲ့ရပြီးနောက် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း အခင်းပွားရာနေရာရှိ သတင်းအရင်းအမြစ်က ဆက်လက်ပြောဆိုထားသည်။

ထို့ပြင် ဓါးပြတိုက်သူ(၇)ဦးသည် မြေပွဲစားဒေါ်ခင်လှ၏ နေအိမ်မှ ပိုက်ဆံငွေကျပ်သိန်း ၃ဝဝ နှင့် ရွှေထည်လက်ဝတ်ရတနာများကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အချို့တွင် ဓါးပြတိုက်မှုဖြစ်စဉ်များ ပိုမိုများပြားလာသည်ကို ဖြစ်စဉ်များအရတွေ့ရှိရပြီး တရားဥပဒေစိုးမိုးရေးအပေါ်တွင်လည်း ပြည်သူ လူထုက မေးခွန်းထုတ်လျက်ရှိနေကြသည်။

zawgyi version

အမ်ိဳးသား(၇)ဦးက ေျမပြဲစားေနအိမ္ကို ဓါးျပဝင္တိုက္စဥ္ အလည္ေရာက္ရွိေနသည့္ ဒုရဲမႉးတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရ

NP News - ေဖေဖာ္ဝါရီ ၂၆

အမ်ိဳးသား(၇)ဦးက ေျမပြဲစားေနအိမ္ကို ဓါးျပဝင္တိုက္စဥ္ အလည္ေရာက္ရွိေနသည့္ ဒုရဲမႉးတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ ၂၅ ရက္၊ ညေန ၆ နာရီခြဲအခ်ိန္ခန႔္တြင္ မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊(ဋ)ရပ္ကြက္၊ ေညာင္ပင္ကုန္းေက်း႐ြာ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ သတင္းအရင္းအျမစ္က NP News ကို ေျပာဆိုထားသည္။

ပစၥတိုေသနတ္မ်ားကိုင္ေဆာင္ထားသည့္ အမ်ိဳးသား(၇)ဦးသည္ ေညာင္ပင္ကုန္းေက်း႐ြာရွိ ေျမပြဲစားအလုပ္လုပ္ကိုင္သူ ေဒၚခင္လွ ေနအိမ္ေရွ႕သို႔ ဆိုင္ကယ္မ်ားျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎အမ်ိဳးသား(၇)ဦးသည္ ေနအိမ္အတြင္းဝင္ေရာက္လာကာ ေသနတ္ျဖင့္ ၿခိမ္းေျခာက္ၿပီး ပိုက္ဆံႏွင့္ေ႐ႊလက္ဝတ္ရတနာမ်ားကို ဓါးျပတိုက္ယူသြားခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။

ထိုသို႔ ဓါးျပတိုက္ေနစဥ္အခ်ိန္တြင္ ေျမပြဲစားေဒၚခင္လွေနအိမ္သို႔ အလည္ေရာက္ရွိေနသည့္ ျမစ္ငယ္မီးရထားတပ္ဖြဲ႕မႉး ဒုရဲမႉးဝင္းမင္းသန႔္မွာ ၎၏အိတ္ကပ္အတြင္းရွိ စကားေျပာစက္မွ အသံထြက္ေပၚလာစဥ္အခ်ိန္တြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ဒုရဲမႉးဝင္းမင္းသန႔္သည္ ေသနတ္ျဖင့္ ႏွစ္ခ်က္ပစ္ခတ္ခံခဲ့ရၿပီးေနာက္ ေနရာတြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း အခင္းပြားရာေနရာရွိ သတင္းအရင္းအျမစ္က ဆက္လက္ေျပာဆိုထားသည္။

ထို႔ျပင္ ဓါးျပတိုက္သူ(၇)ဦးသည္ ေျမပြဲစားေဒၚခင္လွ၏ ေနအိမ္မွ ပိုက္ဆံေငြက်ပ္သိန္း ၃ဝဝ ႏွင့္ ေ႐ႊထည္လက္ဝတ္ရတနာမ်ားကို ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းမွစ၍ ျမန္မာႏိုင္ငံအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ဓါးျပတိုက္မႈျဖစ္စဥ္မ်ား ပိုမိုမ်ားျပားလာသည္ကို ျဖစ္စဥ္မ်ားအရေတြ႕ရွိရၿပီး တရားဥပေဒစိုးမိုးေရးအေပၚတြင္လည္း ျပည္သူ လူထုက ေမးခြန္းထုတ္လ်က္ရွိေနၾကသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်တွေမြို့၌ အသက်(၁၇)နှစ်အရွယ်ကျောင်းသူတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved