မန္တလေးတိုင်း၌(၈)လအတွင်း အာမခံအလုပ်သမား(၉ဝဝဝ)ကျော်အတွက် ဆေးကုသစရိတ် ငွေကျပ် (၁ ဒသမ ၃)ဘီလျံကျော်ပေးအပ်ထား
စော (NSS) - အောက်တိုဘာ ၁၉
မန္တလေးတိုင်း၌ (၈)လအတွင်း အာမခံအလုပ်သမားလူနာ (၉ဝဝဝ)ကျော်အတွက် ဆေးဖိုးကုန်ကျငွေ ကျပ် (၁ ဒသမ ၃)ဘီလျံကျော်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယမန်နေ့(အောက်တိုဘာလ ၁၈ ရက်)တွင် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီးသို့သွားရောက်ပြီး ဆေးရုံတက်လူနာများကို တွေ့ဆုံခဲ့ကြောင်း သိရသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင် အာမခံအလုပ်သမားများ အလွယ်တကူ ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိနိုင်စေရန်အတွက် ပုဂ္ဂလိကများနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများ ဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှုများ ထောက်ပံ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းတွင် အကျုံးဝင် အာမခံအလုပ်သမား (၁၁၅၀၀၀)ကျော်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၁၃)ခန်း၊ ဌာနကြီးဆေးခန်း (၉)ခန်း၊ စာချုပ်ဆေးခန်း (၄)ခန်းတို့ ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ဝန်ဆောင်မှုပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ မှ ဩဂုတ်လအထိ (၈)လအတွင်း အာမခံအလုပ်သမားလူနာ (၅၃၈၆၂)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး လူနာ (၉၁၈၅)ဦးအတွက် ဆေးဖိုးကုန်ကျငွေ ငွေကျပ် (၁ ဒသမ ၃)ဘီလျံကျော် ပေးအပ်ခဲ့ကြောင်း သိရသည်။
အကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီ ရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း (၂၆)ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း (၂၅)ခန်း၊ Specialist OG OPD ပြသနိုင်သော ဆေးခန်း (၁၈)ခန်း၊ မီးဖွားခြင်းများ ဆောင်ရွက်နိုင်သည့် စာချုပ်ဆေးရုံ၊ သွားဖွားခန်း (၁၂)ခန်း နှင့် Mobile Medical Unit ရွေ့လျားဆေးကုသယာဉ် (၂)စီးတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးအာမခံစနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရေး မဟာဗျုဟာရည်မှန်းချက်တစ်ရပ်ကို ချမှတ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဥ်သတင်းများ စုစည်းတင်ဆက်ခြင်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ