မြစ်သားမြို့နယ်ရှိ ကင်းတားနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း (၉ဝ)ရာခိုင် နှုန်းကျော်ပြီးစီး
ယွန်း (NP News) - ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်ရှိ ကင်းတား (၃ဝ)မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း (၉ဝ) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းသည် မြစ်သားမြို့နယ်၊ ကျီတိုင်ကျေးရွာအနီးရှိ မြေဧရိယာ (၁၃၂ ဒသမ ၃၅) ဧကပေါ်တွင် ဆောက်လုပ်နေခြင်းဖြစ်သည်။
၎င်း၏ စက်တပ်ဆင်အင်အားသည် (၃ဝ)မဂ္ဂါဝပ်ဖြစ်ပြီး လက်ရှိအချိန်တွင် (၁၉)မဂ္ဂါဝပ်ခန့် စမ်းသပ်ထုတ် လုပ် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
စီမံကိန်းတစ်ခုလုံးပြီးစီးပါက ထွက်ရှိလာသည့် ဓာတ်အားများကို (၁၃၂)ကေဗွီ ကင်းတား-အင်းကုန်းဓာတ် အားလိုင်းဖြင့် ကင်းတားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ဖြန့် ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စီမံကိန်းလုပ်ငန်း တစ်ခုလုံးအနေဖြင့် (၉ဝ ဒသမ ၈)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဝန်ကြီး ဌာန၏သတင်းအချက်အလက်များအရ သိရသည်။
အလားတူ မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် (၅ဝဝ)ကေဗွီအေ ကံ ကောင်းဓာတ်အားခွဲရုံ စီမံကိန်းမှာလည်း (၇၃ ဒသမ ၁၉)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို တောင်ငူမြို့နယ် အနောက်ဘက်ရှိ စပါးကြွယ်ကျေးရွာအနီးတွင် တည်ဆောက်နေခြင်းဖြစ်ပြီး ဓာတ်အားလိုင်းဆောင်ရွက်ပြီးစီးပါက ရန်ကုန်မြို့နှင့် မြန်မာပြည်တောင်ပိုင်းဒေသများသို့ ဓာတ် အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင် မည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ သိရသည်။
zawgyi version
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသား(၇)ဦးက မြေပွဲစားနေအိမ်ကို ဓါးပြဝင်တိုက်စဉ် အလည်ရောက်ရှိနေသည့် ဒုရဲမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း