ဖားကန့်မြို့နယ်၌ နေအိမ်တွင်ရှိနေသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က ဝင်ရောက်ပစ်ခတ်သတ်ဖြတ်
NSS - အောက်တိုဘာ ၁၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၁၄ ရက်၊ ညနေ ၆နာရီ ၁၀ မိနစ်အချိန်တွင် ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာ၊ ရပ်ကွက်(၄)ရှိ နေအိမ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်တွင်နေထိုင်သည့် ဦးညွန့်ဆွေ(ခ)ဖက်တီးသည် ၎င်း၏နေအိမ်၌ရှိနေစဉ် KIA၊ PDF ပူးပေါင်းအဖွဲ့အင်အား(၃)ဦးက ဆိုင်ကယ်(၂)စီးဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဦးညွန့်ဆွေ(ခ) ဖက်တီး(၅၄)နှစ်တွင် ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာ (၂)ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အလားတူ လွန်ခဲ့သော အောက်တိုဘာလ(၃)ရက်နှင့် (၁၁)ရက်တို့တွင် ဖားကန့်မြို့နယ်၌ အချဉ်ပေါင်းသည် အမျိုးသားတစ်ဦးနှင့် စားသောက်ဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးတို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပရောက်လုပ်သားများ နှင့် သင်္ဘောသားများ အခွန်ကင်းရှင်းကြောင်းထောက်ခံချက်တင်ပြနိုင်မှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း