အသစ်ထွက်ရှိထားသော iPhone 15 က အသုံးပြုရန် အခက်ခဲဆုံးဖုန်းတစ်လုံးဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီး ချုပ်ဟောင်းဟွန်ဆန် ထုတ်ဖော်ပြော
Pika (NSS) - အောက်တိုဘာ ၁၇
Apple ကုမ္ပဏီက ပြီးခဲ့သည့်စက်တင်ဘာလတွင် စတင်ဖြန့်ချိခဲ့သော iPhone 15 အမျိုးအစားသည် ကိုင်ဖူးသမျှ IPhone များထဲတွင် အသုံးပြုရန်အခက်အခဲဆုံးဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ထုတ်ဖော်ပြောခဲ့သည်။
ထို့အပြင် ၎င်းသည် အရင်မော်ဒယ်များကို ပိုပြီးသဘောကျသောကြောင့် iPhone 15 အသုံးပြုမှုကို စွန့်လွှတ်သွားမည်ဖြစ်ကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်။
ဟွန်ဆန် က "iPhone အသုံးပြုနေတဲ့လူတွေကိုပြောချင်တာကတော့ ကျွန်တော်ဟာ ထွက်ရှိခဲ့ဖူးတဲ့ iPhone တွေ အကုန်လုံးကို အသုံးပြုလာတဲ့သူဖြစ်ပါတယ်။ iPhone ဟာ ကျွန်တော့်ရဲ့အလုပ်တွေအားလုံးကို ကူညီပေးခဲ့ပါတယ်၊၊ အဲဒီအတွက်လည်း ကျေးဇူးတင်မိပါတယ်။ ကျွန်တော်သိလာတာတစ်ခုကတော့ အသစ်ထွက်ရှိလာတဲ့ iPhone 15 ဟာ အသုံးပြုဖို့အခက်အခဲဆုံး ဖုန်းတစ်လုံးဖြစ်ပါတယ်။ ကျွန်တော်လက်ရှိမှာ iPhone 15၊ 15Max၊ 15 pro ၊15pro max လေးခုလုံးကို အသုံးပြုနေပါတယ်။ ဒါပေမယ့် iPhone15 ဟာ အသုံးပြုဖို့ ခက်ခဲတဲ့ ဖုန်းတစ်လုံးဖြစ်တာ ကြောင့် iPhone 14 ၊ iPhone 13 နဲ့ iPhone 12 တို့ကိုပဲ ပြန်အသုံးပြုတော့မှာပါ။ ကျွန်တော်ဟာ iPhone အသုံးပြုရ တာကို သဘောကျတဲ့လူတစ်ယောက်ဖြစ်ပေမယ့်လည်း iPhone15 မသုံးရသေးတဲ့သူတွေကို ပြောပြချင်တာက တော့ ကျွန်တော့်လိုမျိုးမဖြစ်ချင်ရင် လက်ရှိကိုင်ထားတဲ့ iPhone ကိုပဲ ဆက်ကိုင်ထားကြပါလို့ ပြောချင်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရပ်ဝန်းနှင့်ပိုးလမ်းမအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန် ဗိုလ်ချုပ်ကြီးမြထွန်းဦး တရုတ်နိုင်ငံသို့ သွားရောက်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း