တနင်္သာရီတိုင်းအတွင်းမှ PDF အဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာဟုဆို
Pearl (NSS) - အောက်တိုဘာ ၁၇
တနင်္သာရီတိုင်းအတွင်းမှ PDF အဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
နစကမှ ယမန်နေ့ (အောက်တိုဘာလ ၁၆ ရက်) ညပိုင်းက အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော တနင်္သာရီတိုင်းအတွင်းမှ PDF အဖွဲ့ဝင် အမျိုးသားတစ်ဦးသည် ကာဘိုင်တစ်လက်၊ ကျည်အိမ်(၂)ခု၊ ၎င်းကျည်အတောင့်(၈၀) နှင့် စကားပြောစက် တစ်လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသူအား ကြိုဆိုခြင်းအခမ်းအနားကို အောက်တိုဘာ လ (၁၆)ရက်တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား၌ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသော အမျိုးသားက ၎င်းနှင့်အတူ ပါလာသော လက်နက်ခဲယမ်းများကို တာဝန်ရှိသူများထံအပ်နှံခဲ့ရာ ကာဘိုင်သေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ် သိန်း(၅၀) ၊ စကားပြောစက်တစ်လုံးအတွက် (၂)သိန်းကျပ်၊ စုစုပေါင်း (၅၂)သိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းအား ခံဝန်ကတိရေးထိုးခိုင်းပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည် အပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကလေးမြို့နယ်နှင့် မုံရွာမြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ ဦးတို့သည် AK- 47 မောင်းပြန်သေနတ် ၂ လက်နှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
နစကအနေဖြင့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ခေါင်းဆောင်အဖြစ် ဦးစီးဆောင်ရွက်ပေးစေလိုကြောင်း စောမူတူးစေးဖိုးကို တပ်ချုပ် မေတ္တာရပ်ခံ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ