ရေးမြို့၌ အမျိုးသား(၁)ဦး ဓားထိုးခံရ၍ ထိုးသွင်းဒဏ်ရာ (၆)ချက်ထက်မနည်းရရှိ
စော (NSS) - အောက်တိုဘာ ၁၆
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အမျိုးသား(၁)ဦး ဓားထိုးခံရ၍ ထိုးသွင်းဒဏ်ရာ (၆)ချက်ထက်မနည်းရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၁၅ ရက်)၊ ည(၇)နာရီဝန်းကျင်အချိန်တွင် ရေးမြို့ နယ်၊ ကားဆိပ်ရပ်ကွက်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေဟင်္သာလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဘယ်သူထိုးလိုက်လဲ မသိလိုက်ရဘူး။ ဘာကြောင့် ထိုးခံရတာလဲဆိုတာရော မသိရပါဘူး။ နောက်ပြီး သူရဲ့အချက်အလက်တွေလည်းမရလိုက်ဘူး။ ဗိုက်မှာ သုံးချက်၊ လည်ပင်းမှာ သုံးချက် ထိုးခံလိုက်ရတာပါ။ လက်ရှိကတော့ ဆုံးသွားပြီကြားပါတယ်”ဟု ရွှေဟင်္သာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဓားထိုးခံရသည့် အမျိုးသားနှင့် ပတ်သက်သည့် မည်သည်အချက်အလက်ကိုမျှမသိရှိလိုက်ရကြောင်း သိရသည်။
အလားတူ ယမန်နေ့ (အောက်တိုဘာလ ၁၅ ရက်)၊ နံနက် (၈)နာရီခွဲအချိန်တွင် မွန်ပြည် နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စကားများရန်ဖြစ်ရာမှ အမျိုးသမီး(၁)ဦး ဓားဖြင့်ခုတ်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စားအုန်းဆီ အခြေခံလက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၄၂၀၀)ကျော်ဖြစ်လာပြီး ငွေကျပ်(၅၀)ကျော် ပြန်လည်ကျဆင်းလာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း