စားအုန်းဆီ အခြေခံလက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၄၂၀၀)ကျော်ဖြစ်လာပြီး ငွေကျပ်(၅၀)ကျော် ပြန်လည်ကျဆင်းလာ
သန့်ဇင်(NSS) - အောက်တိုဘာ ၁၆
ယခုသီတင်းပတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် တစ်ပိဿာလျှင် (၄၂၇၅)ကျပ်ဖြစ်ပြီး ယခင်သီတင်းတစ်ပတ်နှင့်နှိုင်းယှဉ်ပါက ငွေကျပ်(၅၀)ကျော်ပြန်လည်ကျဆင်းလာကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ယမန်နေ့ (အောက်တိုဘာလ ၁၅ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ စက်တင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းသည် တစ်ပိဿာလျှင် (၄၂၇၅)ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထိုသို့ ရည်ညွှန်းဈေးသတ်မှတ်ခဲ့ရာ ယခင်သီတင်းပတ်က စားအုန်းဆီတစ်ပိဿာလျှင် (၄၃၄၀)ကျပ်မှ ယခုသီတင်းပတ်အတွင်း (၄၂၇၅)ကျပ်သို့ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
စာအုန်းဆီများအား ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်းမှုများပြုလုပ်ပါက အရေးကြီးကုန်စဉ်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူ ရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ စားအုန်းဆီဈေးနှုန်း တစ်ပိဿာလျှင်(၄၂၇၅)ကျပ်သတ်မှတ်ထားသော်လည်း ရန်ကုန်မြို့ရှိမြေပြင်ဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဝန်းကျင်အထိ ဈေးမြင့်တက်နေကြောင်း စားအုန်းဆီ လက်လီရောင်းချသူများထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်မယ်ဆိုရင် အစ္စရေးတို့ ကြီးမားတဲ့အမှားကို ကျူးလွန်လိုက်ခြင်းဖြစ်လာနိုင်ဖွယ်ရှိနေဟု အမေရိကန်သမ္မတ သတိပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း