ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်မယ်ဆိုရင် အစ္စရေးတို့ ကြီးမားတဲ့အမှားကို ကျူးလွန်လိုက်ခြင်းဖြစ်လာနိုင်ဖွယ်ရှိနေဟု အမေရိကန်သမ္မတ သတိပေး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၆
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးနိုင်ငံသိမ်းပိုက်မယ်ဆိုရင် အစ္စရေးတို့ ကြီးမားတဲ့အမှားတစ်ခုကျူးလွန်လိုက်သလိုဖြစ်ဖွယ်ရှိနေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟားမက်စ်ဟာ အောက်တိုဘာလ ၇ ရက်က အစ္စရေးကိုကြိုတင်သတိပေးချက်မရှိဘဲ စတင်တိုက်ခိုက်ခဲ့ရာ စစ်ပွဲစတင်ခဲ့ပြီး အစ္စရေးက လက်ရှိအချိန်မှာမြေပြင်ထိုးစစ်ဆင်နွှဲဖို့ စီစဉ်နေပါတယ်။ အစ္စရေးဟာ မြေပြင်ထိုးစစ်ဆင်နွှဲမှုမလုပ်ခင် ဂါဇာဒေသရှိ လူပေါင်း(၁)သန်း ကျော်ကို ဂါဇာဒေသတောင်ပိုင်းကို ရွှေ့ပြောင်းဖို့ အမိန့်ပေးထားကြောင်းသိရပါတယ်။
အမေရိကန်သမ္မတက "ကျွန်တော့်အမြင်တော့ အစ္စရေးဟာ ဂါဇာဒေသကို သိမ်းပိုက်လိုက်မယ်ဆိုရင် အဲဒါဟာ ကြီးမားတဲ့အမှားကိုလုပ်လိုက်တာပဲ၊ ဟားမက်စ်အဖွဲ့ဟာ ပါလက်စတိုင်းပြည်သူအားလုံးကို ကိုယ်စားမပြုဘူး"လို့ ပြောပါတယ်။
ဂါဇာဒေသကို ဝင်ရောက်ခြင်းနဲ့ အစွန်းရောက်တွေကို တိုက်ခိုက်ခြင်းဟာ လိုအပ်မှုတစ်ခုဖြစ်ကြောင်း၊ အမေရိကန်သမ္မတက ပြောပါတယ်။ အစ္စရေးဟာ ၁၉၆၇ ခုနှစ်ကဖြစ်ပွားတဲ့ (၆)ရက်ကြာစစ်ပွဲအတွင်းမှာ ဂါဇာကမ်းမြောင်ဒေသကို ပထမဆုံးသိမ်းပိုက်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာဂါဇာကမ်းမြောင်ဒေသကို ပါလက်စတိုင်းတွေထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်နေတဲ့ စစ်ပွဲမှာ အစ္စရေးဘက်က အနည်းဆုံး ၁၄၀၀ ကျော်သေဆုံးထားပြီး ပါလက်စတိုင်းဘက်က အနည်းဆုံး ၂၆၀၀ ကျော်သေဆုံးထားကြောင်းသိရပါတယ်။ နိုင်ငံတ ကာအကူအညီပေးရေးအဖွဲ့တွေက ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွဲ့မယ့် အစ္စရေးရဲ့လုပ်ရပ်ကိုသတိပေးထားပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်ချက်များနဲ့ စစ်ပွဲအရှိန်မြင့်တက်လာဖွယ်ရှိနေကြောင်း သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး-မိုးကုတ်ကားလမ်းဘေးတွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး၍ တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ