မန္တလေး-မိုးကုတ်ကားလမ်းဘေးတွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး၍ တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိ
NSS - အောက်တိုဘာ ၁၆
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ မန္တလေး-မိုးကုတ်ကားလမ်းမဘေးတွင် PDF အဖွဲ့မှထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး၍ တစ်ဦးမိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၁၃ရက်၊ နံနက် ၁၁နာရီ ၄၀မိနစ်အချိန်တွင် မတ္တရာမြို့နယ်၊ တံငါတောင်ကျေးရွာအနီး၊ မန္တလေး-မိုးကုတ်သွားကားလမ်းဘေးရှိ ဘောင်ကြီးတံတားအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
တံငါတောင်ကျေးရွာတွင်နေထိုင်သည့် ဦးထွေးနှင့် ရှမ်းမြောင်းကျေးရွာနေ ကိုကျော်မိုးလွင်တို့ (၂)ဦးသည် ၎င်းတို့၏ နေအိမ်များသို့ အသီးသီးလမ်းလျှောက်ပြန်လာကြစဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့မှ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
ထိုသို့ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဦးထွေး(၄၇)နှစ်တွင် နောက်ကျော၊ ဝမ်းဗိုက်ယာဘက်ခြမ်း၊ ယာပေါင်တို့ မိုင်းစဖောက်ဝင် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းနှင့်အတူလမ်းလျှောက်လာသည့် ကျော်မိုးလွင်(၂၅)နှစ်တွင်လည်း ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာ ပြန်းထန်စွာရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အထက်ပါမိုင်းထောင်ဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖမ်းဆီးခံနေရသူအားလုံးကို ပြန်လွှတ်ပေးရန် နှင့် အကြမ်းဖက်ပဋိပက္ခများကို ရပ်စဲကာ ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းရန် EAO (၆)ဖွဲ့ တိုက်တွန်း
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း