အိန္ဒိယတွင် ယာဥ်မတော်တဆမှုကြောင့် အနည်းဆုံးလူ(၁၄)ဦးသေဆုံး
Pika (NP News) - ဖေဖော်ဝါရီ ၂၆
အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်၊ Sidhi မြို့တွင် ဖေဖော်ဝါရီလ(၂၄)ရက်၊ ညပိုင်းက ထရပ်ကားတစ်စီးသည် ရပ်ထားသောဘတ်စ်ကားနှစ်စီးကို ဝင်တိုက်မိခဲ့ပြီးနောက် အနည်းဆုံးလူ(၁၄)ဦးသေဆုံးကာ အခြားလူ(၆ဝ)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ပြောကြားခဲ့သည်။
မတော်တဆမှုသည် Mohania ဥမင်လှိုဏ်ခေါင်းအနီးရှိ Barkhada ရွာအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့များက ပြောကြားခဲ့သည်။ ဘတ်စ်ကားနှစ်စီးသည် ပြည်ထဲရေးဝန်ကြီး Amit Shah ၏ လူထုတွေ့ ဆုံပွဲမှပြန်လည်သော လူများကို တင်ဆောင်လာခြင်းဖြစ်ပြီး ထရပ်ကားသည် တာယာကွဲသွားခဲ့ပြီးနောက် ဘတ်စ်ကားများကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
မတော်တဆမှုဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူများကို အနီးရှိဆေးရုံသို့ချက်ချင်းပို့ဆောင်ခဲ့ကြောင်းလည်းသိရသည်။ ရဲတပ်ဖွဲ့က "ဘတ်စ်ကားနှစ်စီးက ရပ်ထားတာပါ၊၊ အဲဒါကို ထရပ်ကားက တာယာကွဲပြီးတော့ နောက်ကနေဝင်တိုက်မိခဲ့တာပါ။ ယာဥ်တိုက်မှုကြောင့် အနည်းဆုံးလူ(၁၄)ဦးသေဆုံးခဲ့ပြီး လူ(၆ဝ)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေထဲမှာ (၃)ဦးက အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာရှိပါတယ်"ဟုပြောဆိုခဲ့သည်။
ရဲတပ်ဖွဲ့များသည် ယာဥ်မတော်တဆမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်းလည်းသိရသည်။ ယာဥ်မတော်တဆမှုနှင့်ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း Madhya Pradesh ပြည်နယ် ဝန်ကြီးချုပ် Shivraj Singh ကပြောကြားခဲ့သည်။ ပြည်ထဲရေးဝန်ကြီး Amit Shah က"Sidhi မြို့မှာဖြစ်ခဲ့တဲ့ ယာဥ်မတော်တဆမှုက ဝမ်းနည်းစရာပါပဲ။ ဒီမတော်တဆမှုအတွင်းမှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေအတွက် တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို ကုသမှုတွေ ဆက်လက်လုပ်ဆောင်ပေးနေပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေ အမြန်ဆုံးပြန်ကောင်းလာနိုင်ဖို့ ဆုတောင်းပေးပါတယ်" ဟုတွစ်တာပေါ်တွင်ရေးသားဖော်ပြခဲ့သည်။
zawgyi version
အိႏၵိယတြင္ ယာဥ္မေတာ္တဆမႈေၾကာင့္ အနည္းဆုံးလူ(၁၄)ဦးေသဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၂၆
အိႏၵိယႏိုင္ငံ Madhya Pradesh ျပည္နယ္၊ Sidhi ၿမိဳ႕တြင္ ေဖေဖာ္ဝါရီလ(၂၄)ရက္၊ ညပိုင္းက ထရပ္ကားတစ္စီးသည္ ရပ္ထားေသာဘတ္စ္ကားႏွစ္စီးကို ဝင္တိုက္မိခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၁၄)ဦးေသဆုံးကာ အျခားလူ(၆ဝ)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အာဏာပိုင္မ်ားက ထုတ္ျပန္ေျပာၾကားခဲ့သည္။
မေတာ္တဆမႈသည္ Mohania ဥမင္လႈိဏ္ေခါင္းအနီးရွိ Barkhada ႐ြာအနီးတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မ်ားက ေျပာၾကားခဲ့သည္။ ဘတ္စ္ကားႏွစ္စီးသည္ ျပည္ထဲေရးဝန္ႀကီး Amit Shah ၏ လူထုေတြ႕ ဆုံပြဲမွျပန္လည္ေသာ လူမ်ားကို တင္ေဆာင္လာျခင္းျဖစ္ၿပီး ထရပ္ကားသည္ တာယာကြဲသြားခဲ့ၿပီးေနာက္ ဘတ္စ္ကားမ်ားကို ဝင္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။
မေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို အနီးရွိေဆး႐ုံသို႔ခ်က္ခ်င္းပို႔ေဆာင္ခဲ့ေၾကာင္းလည္းသိရသည္။ ရဲတပ္ဖြဲ႕က "ဘတ္စ္ကားႏွစ္စီးက ရပ္ထားတာပါ၊၊ အဲဒါကို ထရပ္ကားက တာယာကြဲၿပီးေတာ့ ေနာက္ကေနဝင္တိုက္မိခဲ့တာပါ။ ယာဥ္တိုက္မႈေၾကာင့္ အနည္းဆုံးလူ(၁၄)ဦးေသဆုံးခဲ့ၿပီး လူ(၆ဝ)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ ထိခိုက္ဒဏ္ရာရရွိတဲ့သူေတြထဲမွာ (၃)ဦးက အသက္အႏၲရာယ္ စိုးရိမ္ရတဲ့ အေျခအေနမွာရွိပါတယ္"ဟုေျပာဆိုခဲ့သည္။
ရဲတပ္ဖြဲ႕မ်ားသည္ ယာဥ္မေတာ္တဆမႈႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္းလည္းသိရသည္။ ယာဥ္မေတာ္တဆမႈႏွင့္ပတ္သက္ၿပီး စိတ္မေကာင္းျဖစ္မိေၾကာင္း Madhya Pradesh ျပည္နယ္ ဝန္ႀကီးခ်ဳပ္ Shivraj Singh ကေျပာၾကားခဲ့သည္။ ျပည္ထဲေရးဝန္ႀကီး Amit Shah က"Sidhi ၿမိဳ႕မွာျဖစ္ခဲ့တဲ့ ယာဥ္မေတာ္တဆမႈက ဝမ္းနည္းစရာပါပဲ။ ဒီမေတာ္တဆမႈအတြင္းမွာ ေသဆုံးခဲ့သူေတြရဲ႕ မိသားစုေတြအတြက္ တကယ္ကိုစိတ္မေကာင္းျဖစ္မိပါတယ္။ ထိခိုက္ဒဏ္ရာရရွိသူေတြကို ကုသမႈေတြ ဆက္လက္လုပ္ေဆာင္ေပးေနပါတယ္။ ထိခိုက္ဒဏ္ရာရရွိသူေတြ အျမန္ဆုံးျပန္ေကာင္းလာႏိုင္ဖို႔ ဆုေတာင္းေပးပါတယ္" ဟုတြစ္တာေပၚတြင္ေရးသားေဖာ္ျပခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတဲ့ တရုတ်နိုင်ငံကို ကျော်ဖြတ်ဖို့ အိန္ဒိယနိုင်ငံ ကြိုးပမ်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း