ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတဲ့ တရုတ်နိုင်ငံကို ကျော်ဖြတ်ဖို့ အိန္ဒိယနိုင်ငံ ကြိုးပမ်း
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၅
အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများစာရင်းမှာ တရုတ်နိုင်ငံကို ဖြတ်ကျော်ဖို့ ကြိးပမ်းလျက်ရှိနေကြောင်းသိရပါတယ်။
တရုတ် နဲ့ အိန္ဒိယနိုင်ငံတို့ဟာ ကမ္ဘာပေါ်ရှိနိုင်ငံများထဲမှာ လူဦးရေအများဆုံးနိုင်ငံများအဖြစ် သတ်မှတ်ခံထားရပြီး တရုတ်က အဆင့် ၁ နေရာမှာရပ်တည်နေကာ
အိန္ဒိယကအဆင့် ၂နေရာမှာရပ်တည်နေပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ကလေးငယ်ပေါင်း (၂၃)သန်းကျော် ထပ်မံမွေးဖွားနိုင်ခဲ့ပြီး တရုတ်နိုင်ငံက ကလေးငယ်ပေါင်း (၉ ဒသမ ၅၆)သန်းသာ မွေးဖွားနိုင်ခဲ့ကြောင်းသိရပါတယ်။
၂ဝ၂၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံရဲ့ကလေးမွေးဖွားနှုန်းဟာ အခြားနိုင်ငံတွေထက် ပိုမိုများပြားနေတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ လူဦးရေအတိအကျကို သန်းခေါင်စာရင်း ကောက်ယူခြင်းမျိုးမရှိသေးဘဲ လက်ရှိအချိန်မှာ လူဦးရေ (၁ ဒသမ ၃၈ ဘီလျံ)ရှိနေပြီး တရုတ်နိုင်ငံရဲ့လူဦးရေထက် ပိုများဖွယ်ရှိနေကြောင်း ခန့်မှန်းမှုတွေလည်းရှိနေပါတယ်။ တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ လူဦးရေ (၁ ဒသမ ၄၁ ဘီလျံ)ရှိနေပြီး အိန္ဒိယနိုင်ငံကလူဦးရေစာရင်းတိကျမှန်ကန်စွာကောက် ယူခဲ့မယ်ဆိုရင် အိန္ဒိယက ပိုများဖွယ်ရှိနေကြောင်း သုံးသပ်မှုတွေလည်းထွက်ပေါ်နေပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ လက်ရှိကလေးမွေးဖွားနှုန်းအတိုင်းသွားမယ်ဆိုရင်လာမယ့် ဧပြီလ ဒါမှမဟုတ် မေလတို့မှာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့နိုင်ငံများထဲ လူငယ်အရေအတွက်အများဆုံးနိုင်ငံဖြစ်ပြီး လူငယ်ဦးရေ သန်း (၆၅ဝ)ကျော်ရှိကာ နိုင်ငံလူဦးရေရဲ့ (၄၇)ရာခိုင်နှုန်းက လူငယ်တွေဖြစ်ကြောင်း သိရပါတယ်။
အိန္ဒိယနိုင်ငံရှိအမျိုးသမီး အားလုံးရဲ့ (၂၅)ရာခိုင်နှုန်းသာ အလုပ်တွေကို လုပ်ကိုင်ကြပြီး အလုပ်လုပ်ကိုင်တဲ့အမျိုးသမီးအရေအတွက်လည်း ဆက်လက်မြင့်တက်လာဖွယ်ရှိနေကြာင်းသိရပါတယ်။ အိန္ဒိယနိုင်ငံရှိ ဒေသများအနက် နိုင်ငံမြောက်ပိုင်းရှိ ဒေသများမှာ သားသမီးမွေးဖွားနှုန်း ပိုမိုမြင့်တက်လာနေကြောင်း မကြာသေးမီကထုတ်ပြန်ခဲ့တဲ့စစ်တမ်းတွေမှာဖော်ပြထားပါတယ်။
zawgyi version
ကမာၻ႔လူဦးေရအမ်ားဆုံးႏိုင္ငံအျဖစ္ ရပ္တည္ေနတဲ့ တ႐ုတ္ႏိုင္ငံကို ေက်ာ္ျဖတ္ဖို႔ အိႏၵိယႏိုင္ငံ ႀကိဳးပမ္း
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၅
အိႏၵိယႏိုင္ငံဟာ ကမာၻ႔လူဦးေရအမ်ားဆုံးႏိုင္ငံမ်ားစာရင္းမွာ တ႐ုတ္ႏိုင္ငံကို ျဖတ္ေက်ာ္ဖို႔ ႀကိးပမ္းလ်က္ရွိေနေၾကာင္းသိရပါတယ္။
တ႐ုတ္ နဲ႔ အိႏၵိယႏိုင္ငံတို႔ဟာ ကမာၻေပၚရွိႏိုင္ငံမ်ားထဲမွာ လူဦးေရအမ်ားဆုံးႏိုင္ငံမ်ားအျဖစ္ သတ္မွတ္ခံထားရၿပီး တ႐ုတ္က အဆင့္ ၁ ေနရာမွာရပ္တည္ေနကာ
အိႏၵိယကအဆင့္ ၂ေနရာမွာရပ္တည္ေနပါတယ္။ အိႏၵိယႏိုင္ငံဟာ ၿပီးခဲ့တဲ့ ၂ဝ၂၂ ခုႏွစ္အတြင္း ကေလးငယ္ေပါင္း (၂၃)သန္းေက်ာ္ ထပ္မံေမြးဖြားႏိုင္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံက ကေလးငယ္ေပါင္း (၉ ဒသမ ၅၆)သန္းသာ ေမြးဖြားႏိုင္ခဲ့ေၾကာင္းသိရပါတယ္။
၂ဝ၂၂ ခုႏွစ္အတြင္း အိႏၵိယႏိုင္ငံရဲ႕ကေလးေမြးဖြားႏႈန္းဟာ အျခားႏိုင္ငံေတြထက္ ပိုမိုမ်ားျပားေနတယ္လို႔ သိရပါတယ္။ အိႏၵိယႏိုင္ငံဟာ လူဦးေရအတိအက်ကို သန္းေခါင္စာရင္း ေကာက္ယူျခင္းမ်ိဳးမရွိေသးဘဲ လက္ရွိအခ်ိန္မွာ လူဦးေရ (၁ ဒသမ ၃၈ ဘီလ်ံ)ရွိေနၿပီး တ႐ုတ္ႏိုင္ငံရဲ႕လူဦးေရထက္ ပိုမ်ားဖြယ္ရွိေနေၾကာင္း ခန႔္မွန္းမႈေတြလည္းရွိေနပါတယ္။ တ႐ုတ္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ လူဦးေရ (၁ ဒသမ ၄၁ ဘီလ်ံ)ရွိေနၿပီး အိႏၵိယႏိုင္ငံကလူဦးေရစာရင္းတိက်မွန္ကန္စြာေကာက္ ယူခဲ့မယ္ဆိုရင္ အိႏၵိယက ပိုမ်ားဖြယ္ရွိေနေၾကာင္း သုံးသပ္မႈေတြလည္းထြက္ေပၚေနပါတယ္။
အိႏၵိယႏိုင္ငံအေနနဲ႔ လက္ရွိကေလးေမြးဖြားႏႈန္းအတိုင္းသြားမယ္ဆိုရင္လာမယ့္ ဧၿပီလ ဒါမွမဟုတ္ ေမလတို႔မွာ ကမာၻ႔လူဦးေရအမ်ားဆုံးႏိုင္ငံျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း ကုလသမဂၢက ဆိုပါတယ္။ အိႏၵိယႏိုင္ငံဟာ ကမာၻ႔ႏိုင္ငံမ်ားထဲ လူငယ္အေရအတြက္အမ်ားဆုံးႏိုင္ငံျဖစ္ၿပီး လူငယ္ဦးေရ သန္း (၆၅ဝ)ေက်ာ္ရွိကာ ႏိုင္ငံလူဦးေရရဲ႕ (၄၇)ရာခိုင္ႏႈန္းက လူငယ္ေတြျဖစ္ေၾကာင္း သိရပါတယ္။
အိႏၵိယႏိုင္ငံရွိအမ်ိဳးသမီး အားလုံးရဲ႕ (၂၅)ရာခိုင္ႏႈန္းသာ အလုပ္ေတြကို လုပ္ကိုင္ၾကၿပီး အလုပ္လုပ္ကိုင္တဲ့အမ်ိဳးသမီးအေရအတြက္လည္း ဆက္လက္ျမင့္တက္လာဖြယ္ရွိေနၾကာင္းသိရပါတယ္။ အိႏၵိယႏိုင္ငံရွိ ေဒသမ်ားအနက္ ႏိုင္ငံေျမာက္ပိုင္းရွိ ေဒသမ်ားမွာ သားသမီးေမြးဖြားႏႈန္း ပိုမိုျမင့္တက္လာေနေၾကာင္း မၾကာေသးမီကထုတ္ျပန္ခဲ့တဲ့စစ္တမ္းေတြမွာေဖာ္ျပထားပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အယ်လ်ဆာဗေဒိုက ဂိုဏ်းအုပ်စုများကို ဖြိုခွင်းနေစဉ် ဧရာမအကျဉ်းထောင်ကြီးသို့ အချုပ်သားများကို စတင်ပြောင်းရွှေ့
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း