ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲ
စော(NSS) - အောက်တိုဘာ ၁၅
ရန်ကုန်-မန္တလေး ရထားခရီးစဉ်များကို ပြန်လည်ပြေးဆွဲနေကြောင်း မြန်မာ့မီရထားထံမှ သိရသည်။
ရန်ကုန်-မန္တလေးရထားများဖြစ်သည့် လေအိတ်အမြန်ရထား၊ လော်ကယ်ရထား၊ အမြန်ရထားများကို ယမန်နေ့(အောက်တိုဘာလ ၁၄ ရက်)တွင် ပြန်လည်ပြေးဆွဲနေကြောင်း သိရသည်။
"ရန်ကုန်-မန္တလေး ရထားတွေက မနေ့ကထဲကစထွက်ပါတယ်။ မော်လမြိုင်ရထားရော၊ မန္တလေးရထားရောထွက်ပါပြီ။ လက်မှတ်တွေလည်း ရောင်းပါပြီ"ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရထားခရီးစဉ်လက်မှတ်များကိုလည်း ပြန်လည်ရောင်းချပေးနေကြောင်း ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် အခြားလမ်းပိုင်းရှိ ရထားများသည် အကြောင်းအမျိုးမျိုးကြောင့် မထွက်နိုင်သေးကြောင်း သိရသည်။
ရန်ကုန်-မန္တလေး ရထားခရီးစဉ် လက်မှတ်များကို Online မှ လုံးဝရောင်းချခြင်းမရှိကြောင်း မြန်မာ့မီးရထားမှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ခရီးစဉ်များကို ပဲခူးမြစ်ရေ၏ စံချိန်တင် ရေကြီးရေလျှံမှုကြောင့် ပြီးခဲ့သည် အောက်တိုဘာလ (၈)ရက်မှ (၁၃)ရက်အထိ ယာယီရပ်နားထားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တပ်မတော်ကို မုန်းတီး၍ ပေါ်လာသော EAO အဖွဲ့ ယနေ့အထိ မရှိခဲ့ကြောင်း နှင့် နိုင်ငံအချို့က ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေဟု တပ်ချုပ်ပြော
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း