ယခုလအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး မိုးဆက်လက်ရွာသွန်းနိုင်ဟု မိုးဇလခန့်မှန်း
စော(NSS) - အောက်တိုဘာ ၁၅
ဘင်္ဂလားပင်လယ်အော်၌ လက်ရှိ(အောက်တိုဘာလ)အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း မိုးဇလမှခန်းမှန်းထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ လာမည့် (အောက်တို ဘာလ ၂၀)ရက် နောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
“အကျိုးသက်ရောက်မှုအနေနဲ့ မိုးရွာတာတွေ ဘာတွေရှိပါမယ်။ မြစ်ဝကျွန်းပေါ်တို့၊ တောင်ပိုင်းတို့မှာ မိုးဆက်လက်ရွာသွန်းတာရှိမယ်။ လေဖိအားနည်းရပ်ဝန်းက လက်ရှိ မဖြစ်သေးတော့ ဘယ်လောက်ထိအားကောင်းမလဲဆိုတာ မသိရသေးဘူး။ မိုးကတော့ရွာဦးမှာပါ။ အခြားတော့ဘာမှမဖြစ်နိုင်သေးပါဘူး”ဟု မိုးဇလမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းက NP News ကိုပြောသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် မြစ်ဝကျွန်းပေါ်နှင့် တောင်ပိုင်းတို့တွင် မိုးဆက်လက်ရွာသွန်းနိုင်ပြီး လေဖိအားနည်းရပ်ဝန်းအနေဖြင့် အားကောင်းနိုင်ခြင်းရှိ/မရှိကို ဆက်လက်စောင့်ကြည့်နေကြောင်း သိရသည်။
မိုးဇလ၏ ယနေ့ (အောက်တိုဘာလ ၁၅ရက်)၊ နံနက်(၁၀)နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း နှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းပြီး ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား နည်းနေကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် နောက် (၂၄)နာရီအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၉)လအတွင်း အလုပ်ရှင်-အလုပ်သမားအငြင်းပွားမှု (၁၅၀)ကို ညှိနှိုင်းဖျန်ဖြေပေးနိုင်ခဲ့ပြီး အလုပ်သမား (၃၀၀)ကျော် အကျိုးခံစားခွင့်ရရှိခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ