အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-14/ 4:00 PM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၄
အစ္စရေးဟာ လက်ဘနွန်နိုင်ငံဘက်ခြမ်းကနေ အစ္စရေးနိုင်ငံဘက်ခြမ်းကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ ဟစ်ဘိုလာ အုပ်စုဝင်တွေကို ဒရုန်းတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဟစ်ဘိုလာအုပ်စုတွေဟာ အစ္စရေးနိုင်ငံကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနယ်စပ်အနားအထိ ချဉ်းကပ်လာနေကြောင်း သတင်းတွေက ဆိုပါတယ်။
ဂါဇာဒေသမှာပြုလုပ်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောပါတယ်။ အစ္စရေးဟာ ဂါဇာဒေသကို လေကြောင်းက တိုက်ခိုက်ခဲ့ရာ အဲဒီတိုက်ခိုက်မှုအတွင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Murad Abu Murad သေဆုံးခဲ့ ကြောင်း အစ္စရေးစစ်ဘက်က ပြောပါတယ်။
အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့ ပြည်ပနိုင်ငံသားတွေထဲမှာ အမေရိကန် နဲ့ ထိုင်းနိုင်ငံသား အများဆုံးဖြစ်နေကြောင်း သိရပါတယ်။ အဆိုပါစစ်ပွဲအတွင်းမှာ အမေရိကန်နိုင်ငံသား ၂၇ ဦး၊ ထိုင်းနိုင်ငံသား ၂၄ ဦး၊ ပြင်သစ်နိုင်ငံသား ၁၅ ဦး၊ နီပေါနိုင်ငံသား ၁ဝ ဦး၊ ယူကရိန်းနိုင်ငံသား ၇ ဦး၊ အာဂျင်တီးနား နိုင်ငံသား ၇ ဦး နဲ့ အများဆုံးသေဆုံးထားကြောင်း သိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်ကြားဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း အစ္စရေးရဲ့ဂါဇာဒေသအပေါ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးပေါင်း ၁၃ဝဝ ကျော် ပျက်စီးသွားခဲ့ကြောင်း ကုလသမဂ္ဂကပြောပါတယ်။ အဆိုပါ အဆောက်အဦး တွေထဲမှ အိမ်ယာယူနစ်ပေါင်း ၅၅၄ဝ ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။
အစ္စရေးဟာ ဂါဇာဒေသကို စီးနင်းတိုက်ခိုက်ချိန်အတွင်း ဖမ်းဆီးခံထားရတဲ့အ စ္စရေးနိုင်ငံသားတွေရဲ့ရုပ်အလောင်း တွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာဒေသကို စီးနင်းချိန်အတွင်း အစ္စရေးနိုင်ငံသားဘယ်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့တယ်ဆိုတဲ့အချက်ကို ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ အစ္စရေးစစ်တပ်က ၎င်းတို့ဟာ မြေပြင်တိုက်ပွဲဆင်နွှဲချိန်အတွင်းမှာပဲ ရော့ကက်လောင်ချာတွေနဲ့ပစ်ခတ်တဲ့နေရာတွေ နဲ့ ပစ်ခတ်နေသူတွေကို တိုက်ခိုက်ဖျက်ဆီးသွားမှာဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံခြားငွေ တရားဝင်ငွေလွှဲသူ ပြည်ပရောက်နိုင်ငံသားများအား EV ကား တင်သွင်းခွင့်ပြုမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ