ပဲခူးရေကြီးမှုကြောင့် ယာယီရပ်ဆိုင်းခဲ့သော မော်လမြိုင်-ရန်ကုန်ခရီးစဉ်များကို အောက်တိုဘာ ၁၅ ရက်တွင် ပုံမှန် ပြေးဆွဲမည်
NSS အောက်တိုဘာ ၁၄
ရေကြီးမှုကြောင့် ယာယီရပ်ဆိုင်းခဲ့သည့် မော်လမြိုင်-ရန်ကုန် ခရီးစဉ်များကို အောက်တိုဘာ ၁၅ ရက်မှ စတင်ကာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည်ဟု မော်လမြိုင်ဘူတာကြီးမှ သိရသည်။
ပဲခူးလမ်းပိုင်းအတွင်းရေတိုက်စားထားသည့် ရထားလမ်းပိုင်းများ ပြန်လည်ပြင်ဆင်ထားပြိးဖြစ်သောကြောင့် မော်လမြိုင်-ရန်ကုန်ရထားခရီးစဉ်များပုံမှန်အတိုင်းပြန်လည် ပြေးဆွဲမည်ဖြစ်ရာ ကြိုတင်လတ်မှတ်များ ရောင်းချနေပြီဟု သိရသည်။
ရိုရိုးတန်း အထက်တန်း တစ်ရက်ကြိုလက်မှတ်များကို မော်လမြိုင်ဘူတာကြီး ရက်ကြို လက်မှတ်ရုံတွင် ယနေ့ အောက်တိုဘာ ၁၄ နံနက် (ဝ၉းဝဝ) နာရီ အချိန်မှ စတင်ရောင်းချ ပေးနေပြီဖြစ်ပြီး အထက်တန်း(၃)ရက်ကြို၊ (၂)ရက်ကြိုတင် လက်မှတ်များကိုလည်း ရက်ကြို လက်မှတ်ရုံတွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန်ရထားသည် မော်လမြိုင်ဘူတာ မှ နံနက် (ဝ၈း၃ဝ) နာရီတွင် စတင်ထွက်ခွာဖြစ်ပြီး ရန်ကုန်သို့ ညနေ (ဝ၆းဝဝ) တွင် ဆိုက်ရောက်မည်ဟု ထုတ်ပြန်ကြေငြာထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်၊ နံနက်ပိုင်းမှစတင်၍ ပဲခူးတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့ပြီး ရန်ကုန် - မန္တလေးလမ်းပိုင်းရှိ ပဲခူးဘူတာနှင့် ရွှေလှေဘူတာအကြား နှင့် ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ ပဲခူးဘူတာ-ကလိဘူတာနှင့် နောင်ပတ္တရားဘူတာအကြားတို့တွင် ရထားလမ်းပေါ် ရေကျော်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-14/ 4:00 PM)
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း