အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-13/ 12:30 PM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၃
အရှေ့အလယ်ပိုင်းဒေသရှိ လက်နက်ကိုင်အဖွဲ့တွေ နဲ့ ဟားမက်စ်အဖွဲ့တွေကို ကူညီထောက်ပံ့ပေးနေတဲ့ အီရန်အစိုးရက စစ်ပွဲမှာ တိုက်ရိုက်ပါဝင်လာခြင်း ရှိ/မရှိဆိုတဲ့အချက်ဟာ ဂါဇာကမ်းမြောင်ဒေသအပေါ်ပြုလုပ်တဲ့ အစ္စရေးစစ်တပ်ရဲ့စစ်ဆင်ရေးတွေအပေါ်မှာ မူတည်နေကြောင်း ပြောပါတယ်။ အီရန်နိုင်ငံက အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးနိုင်ငံအပေါ်တိုက်ခိုက်ခဲ့တဲ့ ဟားမက်စ်လက်နက်ကိုငအဖွဲ့ရဲ့တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ပါဝင်ခဲ့တာမျိုးမရှိကြောင်း ပြောဆိုပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ကတည်းက ဂါဇာဒေသကို အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံးအိမ်ပေါင်း ၁ဝဝဝ၊ အိမ်ယာယူနစ်ပေါင်း ၅၆ဝ ကျော် အလုံးစုံပျက်စီးခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် အိမ်ပေါင်း ၁၂၆ဝဝဝ ကျော်လည်း ထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှု အကူအညီပေးရေးအဖွဲ့ OCHA က ပြောပါတယ်။
အစ္စရေးလေတပ်ဟာ ဟားမက်စ်အဖွဲ့နဲ့ စစ်ပွဲစတင်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကတည်းက ဟားမက်စ်အဖွဲ့အပေါ် လက်တုံ့ပြန်မှုအဖြစ် ဂါဇာကမ်းမြောင်ဒေသကို ခြောက်ရက်တာကာလအတွင်းဗုံးပေါင်း အလုံးရေ ၆ဝဝဝ ကျော် ကြဲချခဲ့ကြောင်း သိရပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို ကြဲချခဲ့တဲ့ ဗုံးအလုံးရေ ၆၀၀၀ ဟာတန်ချိန်ပေါင်း ၄ဝဝဝ ရှိပြီး ပါလက်စတိုင်း လူပေါင်း ၁၄ဝဝ ကျော်ကို သေဆုံးစေခဲ့ကြောင်း သိရပါတယ်။
နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) က ဂါဇာဒေသရှိဆေးရုံတွေမှာ အရေးပေါ်ဂျင်နရေတာများအတွက် အသုံးပြု နေတဲ့ လောင်စာဆီကုန်ဆုံးတော့မှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သလို ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ (WFP) ကလည်း ရေနဲ့အစားအစာနဲ့ လျော့နည်းနေပြီး ပြည်သူများ အခက်အခဲရင်ဆိုင်ရတော့မှာဖြစ်ကြောင်း သတိပေး လိုက်ပါတယ်။
အောက်တိုဘာ ၇ ရက်တည်းက ဂါဇာဒေသကို အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံးအိမ်ပေါင်း ၁ဝဝဝ၊ အိမ်ယာယူနစ်ပေါင်း ၅၆ဝ ကျော် အလုံးစုံပျက်စီးခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် အိမ်ပေါင်း ၁၂၆ဝဝဝ ကျော်လည်း ထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူအညီ ပေးရေးအဖွဲ့ OCHA က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ