လက်ယာကပ်ယာဉ်မောင်းစနစ်နှင့်မကိုက်ညီသော ပဲခူးတိုင်းအခြေပြု အဝေးပြေးယာဉ်များအား ရန်ကုန်တိုင်းအတွင်းသို့ ဝင်ခွင့်မပြုဟု YRTC ဆို
ပုံစာ - ရန်ကုန်-ပဲခူး ပြေးဆွဲနေသည့် အဝေးပြေးခရီးသည်တင်ယာဉ်အချို့
သန့်ဇင်(NSS) - အောက်တိုဘာ ၁၃
လက်ယာကပ်ယာဉ်မောင်းစနစ်နှင့်မကိုက်ညီသည့် ညာဘက်စတီယာတိုင် နှင့် ဘယ်ဘက် တံခါးပေါက်ရှိသော ပဲခူးတိုင်းအခြေပြုအဝေးပြေးခရီးသည်တင်ယာဉ်များကို ယခုလ (အောက်တိုဘာလ ၁၉ ရက်)မှစတင်ကာ ရန်ကုန်တိုင်းအတွင်းသို့ ဝင်ခွင့်ပြုသွားမည် မဟုတ်ကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျင်ကျင့်မန်က ပြောသည်။
၎င်းက ယမန်နေ့(အောက်တိုဘာလ ၁၂ ရက်)တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စည်းကမ်းချက်များနှင့် မကိုက်ညီသော ပဲခူးတိုင်းအခြပြုခရီးသည်တင်ကားများ ရန်ကုန် တိုင်းအတွင်းသို့ ဝင်ရောက်လာပါက ပဲခူးအား ပြန်လွှတ်ပြီးစည်းကမ်းချက်များနှင့်ကိုက်ညီမှသာ ပြန်လည်ဝင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်နဲ့ ပဲခူးတဲ့ပြေးဆွဲတဲ့ Mini-Bus ယာဉ်တွေက အတက်အဆင်းတံခါးပေါက်တွေက ဘယ်ဘက်မှာရှိနေပါတယ်။ ခရီးသည်တင်ကားတွေရဲ့ အတက်အဆင်းတံခါးပေါက်က လက်ယာဘက်မှာ ရှိမှပဲခရီးသည်တွေအနေနဲ့ အန္တရာယ်ကင်းမှာဖြစ်ပါတယ်။ အဲဒီအတွက် ရန်ကုန်းတိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှာတင်ပြပြီးတော့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေနဲ့အညီ အဝေးပြေး Mini-Bus ယာဉ်တွေကို ညာဘက်တံခါးပေါက်ကို ဖောက်ပြီးမှ ရန်ကုန်တိုင်းအတွင်းကို ဝင်ခွင့်ပြုမှာပါ”ဟု တွဲဖက်အတွင်းရေးမှူးဦလျင်ကျင့်မန်က ပြောသည်။
ထို့ပြင် ရန်ကုန်-ပဲခူးခရီးသည်တင်ကားများအနေဖြင့် ရန်ကုန်မြို့အတွင်းသို့ ဝင်ရောက်လာပါက လမ်းကြောင်း(၂)ခုသတ်မှတ်ထားမည်ဖြစ်ပြီး အဆိုပါလမ်းကြောင်း(၂)ခုပေါ်ရှိ ခရေပင်လမ်းဆုံ နှင့် ဒညင်းကုန်းလမ်းဆုံကြားတွင် ခရီးသည် အတက်အဆင်းများပြုလုပ်နိုင်ရန် ဂိတ်တစ်ခုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ လက်ယာကပ်ယာဉ်မောင်းစနစ်နဲ့ကိုက်ညီတဲ့ ညာဘက်တံခါးပေါက်ရှိတဲ့ ယာဉ်တွေကိုလည်း သတ်မှတ်လမ်းကြောင်းအတိုင်းပဲ ပြေးဆွဲခွင့်ပြုမှာဖြစ်ပါတယ်။ ခရေပင်လမ်းကနေ စော်ဘွားကြီးကုန်းထိ ပြေးဆွဲခွင့်ပြုမှာ မဟုတ်ပါဘူး။ ခရေပင်လမ်းနဲ့ ဒညင်းကုန်းကြားမှာ ဂိတ်တစ်ခုလုပ်ပြီးတော့ အဲဒီမှာအတက်အဆင်းပြုလုပ်စေမယ်။ အဲဒီကမှတစ်ဆင့် ဒဂုံဧရာအဝေးပြေးအထိ ဆက်သွားစေမှာပါ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် လက်ယာကပ်မောင်းစနစ်နှင့်မကိုက်ညီသော ယာဉ်များကြောင့် ခရီးသည်အတင်အချပြုလုပ်ရာတွင် ယာဉ်ကြောပိတ်ဆို့မှု့များနှင့် ယာဉ်တိုက်မှုများရှိခဲ့ရာ ၎င်းယာဉ်များကြောင့် ယာဉ်အန္တရာယ်ဖြစ်စေပြီး Road Safety ကိုထိခိုက်စေကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ၁၉၇၀ ခုနစ်၊ ဒီဇင်ဘာလ ၆ရက်၊ နံနက် ၆ နာရီမှ စတင်၍ လက်ယာကပ်ယာဉ်မောင်းစနစ်စတင်ကျင့်သုံးခဲ့ရာ ခရီးသည်တင်ကားများ၏ အတက်အဆင်းတံခါးပေါက်များသည့် လက်ယာဘက်တွင်သာရှိရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-13/ 12:30 PM)
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း