လမ်းပြောင်းပြန်မောင်းလာသည့် ကားနှင့် ဆိုင်ကယ်တို့ ယာဥ်တိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်ပေါ်မှ မိသားစု (၄)ဦးလုံးသေဆုံး
Pearl (NP News) - ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် လမ်းပြောင်းပြန်မောင်းလာသည့် ကားနှင့် ဆိုင်ကယ်တို့ယာဥ် တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီလ ၂၄ရက်)၊ ည(၉)နာရီ အချိန်ခန့်တွင် ရွှေပေါက္ကံမြို့သစ်၊ ပုဂံလမ်းမကြီးပေါ်ရှိ မော်ကျွန်းကားမှတ်တိုင်အနီး၊ မြို့နယ် EPC ရုံးရှေ့တွင်ဖြစ်ပွားခဲ့ကြောင်း ကုသိုလ်တော်(ပါလေရာ)လူမှုကယ်ဆယ်ရေး အသင်းထံမှ သိရသည်။
"EPC ရုံးနားမှာဖြစ်သွားတာပါ။ ကားက လမ်းပြောင်းပြန်မောင်းလာတာကို ဆိုင်ကယ်က ရှောင်ရင်းဖြစ်တာပါ။ အဲဒီရုံးရှေ့မှာ အတားအဆီးတွေခံထားတယ်လေ။ ဆိုင်ကယ်က အဲဒါတွေကိုတိုက်တယ် ပြီးတော့ လမ်းဘေးက ဓာတ်တိုင်ကို ဝင်တိုက်မိပြီး (၃)ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ် ။ သူတို့သမီးအကြီးမလေးက ဆေးရုံရောက်တော့ဆုံးသွားတယ်။ ကားသမားကတော့ ထွက်ပြေးသွားပြီး ညတွင်းချင်းပဲ ဝေဘာဂီဘက်မှာ မိတယ်လို့သိရတယ်" ဟု ကုသိုလ်တော် (ပါလေရာ) လူမှုကယ်ဆယ်ရေး အသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြု ပြောဆိုထားသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်၌ မောင်းနှင်လိုက်ပါလာသည့် ဦးဌေးအောင်၊ ဇနီးဖြစ်သူ ဒေါ်အေးမြတ်သူနှင့် ၎င်းတို့၏ သားဖြစ်သူ မောင်ဇွဲထက်ပိုင်တို့မှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
၎င်းတို့၏ သမီးဖြစ်သူ မအိမ့်ချစ်ပိုင်မှာ မေဓာဝီဆေးရုံတွင် ည(၁၂)နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူများသည် ရွှေပေါက္ကံမြို့သစ်၊ (၂၂) ရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြောင်း လူမှုကယ် ဆယ်ရေးအသင်းထံမှ သိရသည်။
zawgyi version
လမ္းေျပာင္းျပန္ေမာင္းလာသည့္ ကားႏွင့္ ဆိုင္ကယ္တို႔ ယာဥ္တိုက္မႈျဖစ္ပြားရာ ဆိုင္ကယ္ေပၚမွ မိသားစု (၄)ဦးလုံးေသဆုံး
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၅
ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ လမ္းေျပာင္းျပန္ေမာင္းလာသည့္ ကားႏွင့္ ဆိုင္ကယ္တို႔ယာဥ္ တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၂၄ရက္)၊ ည(၉)နာရီ အခ်ိန္ခန႔္တြင္ ေ႐ႊေပါကၠံၿမိဳ႕သစ္၊ ပုဂံလမ္းမႀကီးေပၚရွိ ေမာ္ကြၽန္းကားမွတ္တိုင္အနီး၊ ၿမိဳ႕နယ္ EPC ႐ုံးေရွ႕တြင္ျဖစ္ပြားခဲ့ေၾကာင္း ကုသိုလ္ေတာ္(ပါေလရာ)လူမႈကယ္ဆယ္ေရး အသင္းထံမွ သိရသည္။
"EPC ႐ုံးနားမွာျဖစ္သြားတာပါ။ ကားက လမ္းေျပာင္းျပန္ေမာင္းလာတာကို ဆိုင္ကယ္က ေရွာင္ရင္းျဖစ္တာပါ။ အဲဒီ႐ုံးေရွ႕မွာ အတားအဆီးေတြခံထားတယ္ေလ။ ဆိုင္ကယ္က အဲဒါေတြကိုတိုက္တယ္ ၿပီးေတာ့ လမ္းေဘးက ဓာတ္တိုင္ကို ဝင္တိုက္မိၿပီး (၃)ေယာက္ကေတာ့ ပြဲခ်င္းၿပီးဆုံးသြားတယ္ ။ သူတို႔သမီးအႀကီးမေလးက ေဆး႐ုံေရာက္ေတာ့ဆုံးသြားတယ္။ ကားသမားကေတာ့ ထြက္ေျပးသြားၿပီး ညတြင္းခ်င္းပဲ ေဝဘာဂီဘက္မွာ မိတယ္လို႔သိရတယ္" ဟု ကုသိုလ္ေတာ္ (ပါေလရာ) လူမႈကယ္ဆယ္ေရး အသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳ ေျပာဆိုထားသည္။
ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေပၚ၌ ေမာင္းႏွင္လိုက္ပါလာသည့္ ဦးေဌးေအာင္၊ ဇနီးျဖစ္သူ ေဒၚေအးျမတ္သူႏွင့္ ၎တို႔၏ သားျဖစ္သူ ေမာင္ဇြဲထက္ပိုင္တို႔မွာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
၎တို႔၏ သမီးျဖစ္သူ မအိမ့္ခ်စ္ပိုင္မွာ ေမဓာဝီေဆး႐ုံတြင္ ည(၁၂)နာရီအခ်ိန္ခန႔္တြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေသဆုံးသူမ်ားသည္ ေ႐ႊေပါကၠံၿမိဳ႕သစ္၊ (၂၂) ရပ္ကြက္တြင္ ေနထိုင္သူမ်ားျဖစ္ေၾကာင္း လူမႈကယ္ ဆယ္ေရးအသင္းထံမွ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျိုးဘိုင်ဒန်အနေနဲ့ သမ္မတအဖြစ် ဒုတိယသက်တမ်းကိုထပ်မံတာဝန်ယူဖို့ ဆန္ဒရှိနေကြောင်း သမ္မတကတော် ထုတ်ဖော်ပြောဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း