Ballon d'Or ဆုကို မက်ဆီ ရရှိရန် မထိုက်တန်ကြောင်း ဂျူဗင်တပ်ကွင်းလယ်လူ Adrien Rabiot ထုတ်ဖော်ပြော
Pika (NSS) - အောက်တိုဘာ ၁၂
ကမ္ဘာကျော်တိုက်စစ်မှူးမက်ဆီသည် ယခုနှစ် Ballon d'Or ဆုကို ရရှိရန် မထိုက်တန်ကြောင်း ဂျူဗင်တပ်အသင်းကွင်းလယ်လူ Adrien Rabiot က ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့အပြင် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး အမ်ဘာပေ (သို့မဟုတ်) မန်စီးတီးအသင်း တိုက်စစ်မှူးဟာလန်းတို့သည် ယခုနှစ် Ballon d'Or ဆုကို ရရှိသင့်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။ မက်ဆီသည် Ballon d'Or ဆုကို ရှစ်ကြိမ်မြောက် ဆွတ်ခူးနိုင်မည့်သူ အဖြစ်ရှုမြင်ထားကြသော်လည်း Ballon d'Or ဆုကို ဆွတ်ခူးနိုင်ချေရှိသည့် ကစားသမားစာရင်းထဲတွင် အမ်ဘာပေနှင့်ဟာလန်းတို့လည်း ပါဝင်နေကြောင်း သိရသည်။
အမ်ဘာပေသည် ၂ဝ၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းကို ဖိုင်နယ်အထိရောက်အောင် စွမ်းဆောင် ပေးနိုင်ခဲ့သလို အဆိုပါပွဲစဉ်တွင်လည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် တိုက်စစ်မှူး ဟာလန်းသည် ပြီးခဲ့သည့်ရာသီတွင် ပရီးမီးယားလိဂ်ဆုဖလား၊ ချန်ပီယံလိဂ်ဆုဖလား နှင့် FA ဆုဖလားတို့ကို မန်စီးတီးအသင်းနှင့်အတူ ဆွတ်ခူးနိုင်ခဲ့ပြီး စံချိန်တင်ရာသီတစ်ခုကို ဖြတ်သန်းခဲ့ကြောင်းလည်း သိရသည်။
Adrien Rabiot က "မက်ဆီက Ballon d'Or ဆုကို ဆွတ်ခူးရရှိလိမ့်မယ်လို့ လူအတော်များများက ပြောနေကြပါ တယ်။ ဒါပေမယ့် စွမ်းဆောင်ရည်အဆင့်မှာဆိုရင်တော့ Ballon d'Or ဆုဟာ အမ်ဘာပေ နဲ့ ဟာလန်းတို့ နှစ်ဦးထဲ က တစ်ဦး ရရှိသင့်ပါတယ်။ ဘယ်သူကမှ အဲ့ဒါကို သဘောမတူကြပေမယ့် Ballon d'Or ဆုကို အမ်ဘာပေ (သို့မဟုတ်) ဟာလန်းတို့နှစ်ဦးထဲမှ တစ်ဦးက ရရှိပါလိမ့်မယ်။ ကျန်တဲ့ကစားသမားတွေကိုတော့ ကျွန်တော် ဖယ်ထုတ်ပြီး ပြောထားတာပါ" ဟု ပြောခဲ့သည်။
၂ဝ၂၃ခုနှစ် Ballon d'Or ဆုရှင်ကို အောက်တိုဘာလ(၃ဝ)ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေးနှင့်ပတ်သက်ပြီး ရုရှားနှင့် မြန်မာအစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း