အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-11 / 6:45 PM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၁
ပါလက်စတိုင်းနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်အသိမှတ်မပြုခံရဘူးဆိုရင်ဒေသအတွင်း ငြိမ်းချမ်းရေး ရရှိမှာ မဟုတ်ကြောင်း ဂျော်ဒန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပါလက်စတိုင်းဟာ အစ္စရေးနိုင်ငံနဲ့အတူ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ရပ်တည်ခွင့်မရဘူးဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးရရှိမှာမဟုတ်ဘူးလို့ ဂျော်ဒန်ဘုရင် အဒူလာက ပြောပါတယ်။
အစ္စရေးစစ်ဘက်က နိုင်ငံမြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုဟာ အောက်တိုဘာ ၁ဝ ရက်မှာ ဘက်ဘနွန်နိုင်ငံ ဘက်ခြမ်းကနေ တင့်ကားဖျက်ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အစ္စရေး စစ်တပ်အနေနဲ့ အဆိုပါတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး တင့်ကားဖျက်ဒုံးကျည်တွေနဲ့ ပစ်ခတ်တဲ့နေရာတွေကို တုံ့ပြန် တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ကြောင်း ဆိုပါတယ်။
အစ္စရေးလေတပ်ဦးစီးချုပ် ဗိုလ်ချုပ် အိုမာ တစ်လာက အစ္စရေးတိုက်လေယာဉ်တွေဟာ ဂါဇာကမ်းမြောင်ဒေသကို သမိုင်းမှာမကြုံဖူးတဲ့ ဗုံးကြဲတိုက်ခိုက်မှုမျိုး နဲ့ တိုက်ခိုက်နေကြောင်း သိရပါတယ်။ ၎င်းက "ဂါဇာကမ်းမြောင်ဒေသ ကို သမိုင်းမှာ မကြုံဘူးတဲ့ ပုံစံမျိုးနဲ့တိုက်ခိုက်နေတယ်။ ဂါဇာဒေသဟာ အရင်တုန်းက မတွေ့ကြုံဖူးတဲ့ပုံစံမျိုးနဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရတယ်။ ဟားမက်တွေဟာ ကျွန်တော်တို့ကို ရော့ကက်ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာမျိုးတွေ ရှိနေဆဲဖြစ်ပါတယ်" လို့ ပြောပါတယ်။
ဂါဇာနယ်စပ်အနီးမှာရှိနေတဲ့ အစ္စရေးတပ်ဖွဲ့ဝင်များဟာ ဟားမက်အဖွဲ့တွေအပေါ် မြေပြင်ထိုးစစ်ဆင်နွဲဖို့ အဆင်သင့်ရှိနေကြောင်း သိရပါတယ်။ အစ္စရေးစစ်တပ်ဟာ မကြာခင်မှာ ဂါဇာကမ်းမြောင်ဒေသအတွင်း မြေပြင် ထိုးစစ်ဆင်နွှဲဖို့ မျှော်လင့်နေကြောင်း၊ အစ္စရေးတပ်ဖွဲ့တွေ ပြုလုပ်မယ့်မြေပြင်ထိုးစစ်မစ်ရှင်ဟာ ဟားမက်အဖွဲ့ရဲ့ စစ်ရေးစွမ်းဆောင်ရည်မရှိအောင်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
အောက်တိုဘာ ၇ ရက်ကစတင်ခဲ့တဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်ပွဲအတွင်း အစ္စရေးစစ်သား ၁၆၉ ဦး သေဆုံးခဲ့ ကြောင်း အစ္စရေးစစ်ဘက်က ပြောပါတယ်။ အစ္စရေးစစ်ဘက်ပြောရေးဆိုခွင့်ရှိသူက "အစ္စရေးတပ်ဖွဲ့ဝင် ၁၆၉ ဦး သေဆုံးခဲ့တယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းသံအမတ်ကြီးဟောင်းကို သတ်ခဲ့သည်ဟု ယူဆရသော မြန်မာနိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ