တောင်ငူမြို့နယ်အတွင်း လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦး သေဆုံး
NSS - အောက်တိုဘာ ၁၁
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ကျောက်ထုတ်လုပ်ငန်းကွင်းတစ်ခုအတွင်းသို့ လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦး မိုင်းစထိမှန်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၇ ရက်၊ ညနေ ၅နာရီအချိန်တွင် တောင်ငူမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအနီးရှိ အိုလံပစ် ကျောက်ထုတ်လုပ်ငန်းကွင်းအတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါကျောက်ထုတ်လုပ်ငန်းကွင်းအတွင်းသို့ KNU၊ PDF ပူးပေါင်းအဖွဲ့မှ လက်နက်ကြီများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျောက်ထုတ်လုပ်ရေးလုပ်ငန်းဝန်းအတွင်းနေထိုင်သည့် အသက်(၁၃)နှစ်အရွယ် မအိအိလှိုင်စောတွင် လက်နက်ကြီးကျည်ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-11 / 6:45 PM)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း