ကားမှတ်တိုင်တွင် ကားစောင့်နေသည့် အမျိုးသမီးအား ပိုက်ဆံအိတ်လုရာမှ ဓားထိုးမှုဖြစ်ပွား
NP News - ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်တွင် ကားမှတ်တိုင်၌ ကားစောင့်နေသည့် အမျိုးသမီးထံမှ ပိုက်ဆံအိတ်လုရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ(၂၄)ရက်၊ ည(၈)နာရီခွဲအချိန်ခန့်တွင် ဒေါပုံမြို့နယ်၊ ရန်အောင်ကားမှတ်တိုင်တွင် ဖြစ်ပွားခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရသည်။
အဆိုပါဖြစ်စဥ်သည် အသက်(၂ဝ)ဝန်းကျင်အရွယ် မိန်းကလေးနှင့် ၎င်း၏မောင်ဖြစ်သူတို့သည် ရန်အောင် မှတ်တိုင်တွင် ကားစောင့်နေစဥ် လုယက်ခံရမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မောင်နှမဖြစ်ဖို့များပါတယ်။ ကောင်လေးကတော့(၁၅)နှစ်လောက်တော့ရှိပြီး ကောင်မလေးကတော့ (၂ဝ)ဝန်းကျင်လောက်ရှိပြီ။ နှစ်ယောက်ကားစောင့်နေရင်းနဲ့ ဖြစ်တာပေါ့။ ကောင်မလေးရဲ့ ပိုက်ဆံအိတ်ကိုလာလုတဲ့အချိန်မှာ ကောင်မလေးကလည်း အိတ်ကိုပြန်ဆွဲတယ်ပြီးတော့ အော်တာပေါ့။ အဲဒီမှာ ဟိုဘက်က ဓားနဲ့ထိုးသွားတာပါ” ဟု ရှင်သန်ရေးကူညီမှု အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုဆိုသည်။
ဓားဖြင့်အထိုးခံရမှုကြောင့် အဆိုပါ မိန်းကလေး၏ လက်ဖျံနှင့် ခါးတို့တွင် ရှပ်ထိဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသရန် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ စိုးရိမ်စရာအခြေအနေတွင် မရှိကြောင်း သိရသည်။
လက်ရှိတွင် အထက်ပါဖြစ်စဥ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်တွေမြို့၌ သမီးရည်းစားချိန်းတွေ့နေစဥ် လုယက်မှုဖြစ်ပွားရာမှ ဓားထိုးခံရမှုဖြစ်စဥ် ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-ရုရှားဆေးဝါးကောင်စီထူထောင်ရေး နှစ်နိုင်ငံအကြား ဆွေးနွေးနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း